ရခိုင်ပြည်နယ်၊စစ်တွေမြို့အနီး အာရက္ခတပ်တော်(AA) ၏ထိုးစစ်ကြောင့် စစ်အုပ်စု၏ရေတပ်အထိုင်စခန်းများက လေးဘက်လေးလံ တန်ပြန်ပစ်ခတ်နေပြီး ယနေ့ (မတ်လ ၇ ရက်) နံနက်ပိုင်းတွင် မြို့ပေါ်ရှိ စစ်တွေပြည်သူ့ဆေးရုံကြီး ဆေးသိုလှောင်ခန်းကို လက်နက်ကြီးထိမှန်ခဲ့ရာ ယင်းသည် စစ်အုပ်စုက ပစ်ခတ်သည့် လက်နက်ကြီးကျည်ဖြစ်ကြောင်း မြို့ခံများနှင့် စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။
မြို့တော်စစ်တွေအနီးရှိ ရွှေမင်းဂံဆိပ်ကမ်းကို ယမန်နေ့ ည ၈ နာရီကျော်တွင် AA က မော်တော်ဘုတ်ဖြင့်လာရောက် အလစ်အငိုက်ဝင်တိုက်ပြီးနောက် ယမန်နေ့ညပိုင်းကစ၍ ယနေ့တွင် အပြန်အလှန်ပစ်ခတ်မှုများ ပိုမိုပြင်းထန်လာကြောင်း စစ်တွေသတင်းအရင်းမြစ်က မဇ္ဈိမသို့ပြောသည်။ Read more:
https://bur.mizzima.com/2026/03/07/84169