အီရန်နှင့် စစ်ပွဲစတင်ကတည်းက ရန်သူ့ပစ်ခတ်မှုကြောင့် ပျက်ကျခဲ့သည့် Reaper တိုက်ခိုက်ရေးဒရုန်း ၁၀ စင်း အပါအဝင် အမေရိကန်စစ်ဘက်လေယာဉ် ၁၆ စင်းထက်မနည်း ဆုံးရှုံးခဲ့ရပြီး အခြားလေယာဉ် ခြောက်စင်းမှာလည်း တိုက်ခိုက်မှုများ သို့မဟုတ် မတော်တဆမှုများကြောင့် ပြင်းထန်စွာ ပျက်စီးသွားခဲ့သည်။

ဆုံးရှုံးမှုအများစုမှာ မတော်တဆမှုများကြောင့် ဖြစ်ပြီး ကူဝိတ်နိုင်ငံတွင် မဟာမိတ်အချင်းချင်း မှားယွင်းပစ်ခတ်မှုကြောင့် အမေရိကန် F-15 တိုက်လေယာဉ် သုံးစင်း ပျက်ကျခဲ့ကာ ဆီဖြည့်နေစဉ်အတွင်း KC-135 ဆီတင်လေယာဉ်တစင်း ပျက်စီးသွားခဲ့သည်။ အဆိုပါ ဆီတင်လေယာဉ်ပေါ်ပါရှိသည့် လေယာဉ်အမှုထမ်း ခြောက်ဦးစလုံး ထိုမတော်တဆမှုတွင် သေဆုံးခဲ့သည်။

အခြား KC-135 လေယာဉ် ငါးစင်းမှာလည်း ဆော်ဒီအာရေဗျရှိ လေယာဉ်ကွင်းတခုတွင် ရပ်နားထားစဉ် အီရန်၏ ဒုံးကျည်ထိမှန်မှုကြောင့် ပျက်စီးသွားခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်စစ်ပွဲ
#အမေရိကန်
#စစ်လေယာဉ်ဆုံးရှုံးမှု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment