အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ ဂုဏ်သိက္ခာက တသမတ်တည်း တပြေးညီဖြစ်မှုအပေါ် တည်မှီနေခြင်းနှင့်အတူ မြန်မာနှင့် ထိတွေ့ဆက်ဆံမှုတို့က လူသားချင်းစာနာထောက်ထားမှုနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအပေါ်တွင်သာ အာရုံစိုက်ရလိမ့်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ထိုင်းနိုင်ငံကို တိုက်တွန်း ပြောကြားသည်။

ထိုင်းနိုင်ငံ ဖူးခက်မြို့၌ ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာစစ်ကော်မရှင်နှင့် ထိုင်းအကြား အလွတ်သဘော တွေ့ဆုံမှုအပေါ် သိရှိကြောင်း NUCC က ဖေဖေါ်ဝါရီ ၁၉ ရက် ထုတ်ပြန်ချက်တရပ်တွင် ပြောကြားသည်။

အဓိကအိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်သည့်အလျောက် ထိုင်းနိုင်ငံသည် မြန်မာ့အကျပ်အတည်းအရေးကြောင့် ဖြစ်ပေါ်လာသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုများ၊ နယ်စပ်ဖြတ်ကျော် ရှုပ်ထွေးမှုများနှင့် လုံခြုံရေးဆိုင်ရာ သက်ရောက်မှုများကို တိုက်ရိုက်ရင်ဆိုင်ရခြင်းနှင့်အတူ ဆင်းရဲဒုက္ခများ ပြေလျော့သက်သာစေရေးနှင့် တိုင်းရင်းသားအစုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှု မြှင့်တင်ရေးကို ဦးတည်သည့် ဆောင်ရွက်ချက်များကို ကြိုဆိုကြောင်း NUCC က ထုတ်ပြန်ချက်တွင် ပြောသည်။

သို့သော်…

Comments

Be the first to add a comment