(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ် လိုင်ဇာမြို့နယ်၊ ဂျေယန်စစ်ရှောင်စခန်းမှ ကလေးငယ် သုံးဦးအား ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့သည့် တရားခံဟုယူဆရသည့် အမျိုးသားတဦးကို ကချင်လွတ်လပ်ရေးတပ် KIA က ဖမ်းဆီးထားကာ စစ်ဆေးမေးမြန်းနေပြီး ၎င်းကျူးလွန်ခဲ့သည့် ပြစ်မှုများအပေါ်မူတည်၍ တရားစီရင်ရေးဆက် လက်လုပ် ဆောင်သွားမည်ဟု KIA ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ က မဇ္ဈိမ ကို ပြောသည်။

ဂျေယန်စစ်ရှောင်စခန်းမှ အသက် ၁၀ နှစ်ဝန်းကျင်အရွယ်ရှိ မိန်းကလေးငယ် သုံးဦးသည် ဖေဖော်ဝါရီ ၂၂ ရက်နေ့ ညနေအချိန် က ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်ပြီး သံသယတရားခံသည် ဂျေယန်စစ်ရှောင်စခန်းမှ အဆိုပါကလေးငယ်များအား စာသင်ကြားပေးနေသည့် ဆရာမ၏ ခင်ပွန်းတော်စပ်သူဖြစ်ကြောင်းလည်း မိသားစုနှင့်နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ပြန်းပေးဆွဲသူက ကလေးငယ်သုံးဦးအား လက်ပြန်ကြိုးတုတ်၊ ပါးစပ်အဝတ်စည်းနှောင် ထားသည့် ရုပ်ပုံများကို မိဘများထံပေးပို့ကာ တရုတ်ယမ်ငွေ ၃၀၀,၀၀၀ ပေး၍ ရွေးယူရန် ဆက်သွယ်လာခဲ့ကြောင်း သိရသည်။

Read more: https://bur.mizzima.com/2025/02/26/47738

Comments

Be the first to add a comment