ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့ ကရာချိနှင့် နိုင်ငံမြောက်ပိုင်းတို့တွင် ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား ပြင်းထန်သည့် ထိပ်တိုက်တွေ့ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၂ ဦး သေဆုံးပြီး ၁၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။ အီရန်အစိုးရကို ထောက်ခံသော ဆန္ဒပြသူများက မတ်လ ၁ ရက်တွင် အမေရိကန်ကောင်စစ်ဝန်ရုံးတခုကို စီးနင်းရန် ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်ဟု အာဏာပိုင်များက ပြောသည်။

နိုင်ငံမြောက်ပိုင်းတွင်လည်း ဆန္ဒပြသူများသည် ကုလသမဂ္ဂရုံးများနှင့် အစိုးရရုံးများကို တိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83471

#ပါကစ္စတန်
#အမေရိကန်ကောင်စစ်ဝန်ရုံး
#ဆန္ဒပြ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment