မြန်မာ့အရေး ဘက်ပေါင်းစုံနဲ့ဆွေးနွေးရမယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော
မြန်မာနယ်စပ်အခြေအနေနဲ့ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ်ဦးဆောင်တဲ့ ထိုင်းအစိုးရ က ဧပြီလ ၉ ရက်နေ့ကအရေးပေါ်အစည်းအဝေးတရပ်ကို ခေါ်ယူကျင်းပခဲ့ပြီးနောက် မြန်မာ့အရေးဖြေရှင်းရေး ဘက်ပေါင်းစုံနဲ့ ဆွေးနွေးဖို့လိုတယ်လို့ အစည်းအဝေးအတွင်းထိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။စစ်ကောင်စီနဲ့ လက်နက်ကိုင်ပြန်ခုခံနေတဲ့အဖွဲ့တွေကြား တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ပေါ်လာဖို့ ကြိုးစားတဲ့နေရာမှာ ထိလွယ်ရှလွယ် ကိစ္စတွေရှိတာကြောင့် အားလုံးနဲ့ စကားပြောဆွေးနွေးဖို့လိုတယ်လို့ သူက ဆိုပါတယ်။ထိုင်းနဲ့မြန်မာနယ်စပ် ကုန်သွယ်ရေးအဓိကမြို့ဖြစ်တဲ့ မြဝတီဒေသတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန် ထိုင်းအစိုးရက အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့တာပါ။ထိုင်းနိုင်ငံအနေနဲ့ မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာမျိုး မလုပ်ပဲ၊ ကြားနေ ရပ်တည်သွားမယ်လို့လည်း ထိုင်းဝန်ကြီးချုပ် Srettha Thavisin က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။မြန်မာစစ်ကောင်စီ အင်အားနည်းလာပြီဖြစ်လို့ မြန်မာနဲ့ ဆွေးနွေးမှုတွေစတင်ဖို့ အချိန်ကောင်း ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်က ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားထားပါတယ်။မြန်မာနိုင်ငံအခြေအနေဟာ ထိုင်းနိုင်ငံအတွက် အလွန် အရေးပါတဲ့ အနေအထားမှာ ရှိတာကြောင့် မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ထိုင်းအစိုးရအနေနဲ့ ဘက်ပေါင်းစုံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိနေကြာင်း ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ပြောပါတယ်။မြန်မာ့အရေး တွင်တွင်ကျယ်ကျယ်ဆောင်ရွက်ဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး လုပ်ငန်းကော်မတီတစ်ခု ဖွဲ့စည်းခဲ့ကြောင်း၊ အဲဒီကော်မတီကနေ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စတွေကို ဆောင်ရွက်ဖို့ရှိကြောင်း အစည်းအဝေးမှာ ဆွေးနွေးခဲ့တယ်လို့ ထိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ဖရီး ပါထီဟာနုကွန်း (Parnpree Bahiddha-nukara) ကလည်း မြန်မာပြည်အရေး ဖြေရှင်းရာမှာ ထိုင်းနိုင်ငံဟာ ဘက်မလိုက်တဲ့ မူဝါဒကျင့်သုံးနေတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။စစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာရသူတွေကို လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးသွားမှာဖြစ်တဲ့အပြင် တချိန်တည်းမှာ နယ်စပ်ကုန်သွယ်ရေးကိစ္စအပါအဝင် ထိုင်းနိုင်ငံအပေါ် ရိုက်ခတ်လာနိုင်တဲ့ အနေအထားတွေအတွက် ပြင်ဆင်ထားဖို့လည်း ဝန်ကြီးချုပ် Thavisin က သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာတွေမှာ ရေးသားထားပါတယ်။စစ်မီးရှိန်မြင့်လာနေတဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သတ်ပြီး ကျင်းပတဲ့ ထိုင်း အစိုးရဝန်ကြီးတွေရဲ့ အရေးပေါ် အစည်းအဝေးမတိုင်ခင်မှာ ဝန်ကြီး Parnpree က ငြိမ်းချမ်းရေးအတွက် ပဋိပက္ခမှာ ပါဝင်သူတွေ အားလုံး တွေ့ဆုံဆွေးနွေးကြဖို့ တိုက်တွန်းသလို စစ်ဘေးရှောင် ၁ သိန်းလောက်ကို လက်ခံထားပေးဖို့ ပြင်ဆင်ထားကြောင်း ပြောကြားတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အသက်သွင်းလိုက်ပြီးနောက် ထိုင်းအစိုးရဘက်က ဖေဖော်ဝါရီလမှာပဲ မဲဆောက်အပါအဝင် တာ့ခ်ခရိုင်မှာ ဧည့်စာရင်းတိုင်ဖို့ ညွှန်ကြားချက်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံမှဝင်ရောက်လာသူတွေအပေါ် တင်းကြပ်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။ထိုင်းအစိုးရက ဒီလိုတင်းကျပ်ခဲ့ပြီး နှစ်လအကြာ မြဝတီမြို့အနီးတစ်ဝိုက် တိုက်ပွဲတွေပြင်းထန်နေချိန်မှာ မြန်မာပြည်က စစ်ဘေးဒုက္ခသည် သိန်းနဲ့ချီပြီး လက်ခံဖို့ ပြင်ဆင်ထားတယ်လို့ ပြန်ပြောင်းပြောလာတာဖြစ်ပါတယ်။မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မြဝတီမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေပြင်းလာချိန်မှာ ထိုင်းအစိုးရထိပ်ပိုင်းခေါင်းဆောင်တွေက သဘောထားပြောင်းလဲလာတာဖြစ်ပါတယ်။#PoliticalNews #Mizzima-----------------------------------------မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12USubscribe our channel:
https://www.youtube.com/channel/UCk9f0cLiMmtchQySOogzoig/joinFollow us: Facebook | Myanmar Language
https://bit.ly/3vCKbIzFacebook | English languagehttps://bit.ly/3J5UgADFacebook | Mizzima+TV
https://bit.ly/3eGNjdlTwitter https://twitter.com/MizzimaNewsTelegramhttps://bit.ly/3vEyqRUSportifyhttps://spoti.fi/3U4N91EGet Mizzima TV App Free
https://bit.ly/3U39QDBWebsite :
https://bit.ly/3vIkhTDhttps://bit.ly/4ajxPUEhttps://bit.ly/3RQ09VG.....................About us: Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language…