မဇ္ဈိမ။ ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်းဦးထင်ကျော်တို့ကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်ထားမှုမှ ဖယ်ရှားနိုင်ရေး ​ကော်မတီဖွဲ့စည်း​ ဆောင်ရွက်သွားမည်ဖြစ်​ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ဗဟိုအလုပ်ကော်မတီက ယနေ့ (ဖေဖော်ဝါရီလ ၂၇ ရက်နေ့) ထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့အတွက် တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးကော်မတီ - Justice Seeking for Daw Aung San Su Kyi and U Htin Kyawကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး ရည်ရွယ်ချက်တူသော လူပုဂ္ဂိုလ်အဖွဲ့အစည်းများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်​ကြောင်း ​ဖော်ပြသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဝရမ်းထုတ်လိုက်ခြင်းသည် စစ်အာဏာရှင်ကို တွန်းလှန်နေကြသော မြန်မာပြည်သူတရပ်လုံး စိတ်မချမ်းမြေ့ဖွယ် ဖြစ်နေပါသဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့အပေါ် ဖမ်းဝရမ်းထုတ်ခြင်းအား ပြန်လည်သုံးသပ်ပေးပါရန် တိုက်တွန်းမေတ္တာရပ်ခံကြောင်းလည်း NLD က ထုတ်ပြန်သည်။
Read more: https://bur.mizzima.com/2025/02/27/47831

Comments

Be the first to add a comment