တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းထားဝယ်- ရေဖြူကားလမ်းပိုင်းရှိ ဟားလီးကွေ့စစ်ကောင်စီစခန်းအား ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက သိမ်းပိုက်ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစ်ိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာ၊ တနင်္သာရီတိုင်းစစ်ဌာန စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စတားက အတည်ပြုသည်။
စစ်ကောင်စီတပ်သား ၃၀ ခန့်ဖြင့် အထိုင်ချထားသည့် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီးရှိဟားလီးကွေ့စခန်းကို ဧပြီလ ၂၆ ရက် နံနက်အစောပိုင်းက စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး ညနေပိုင်းတွင် သိမ်းပိုက်ခဲ့ခြင်းဟု သိရသည်။
" တိုက်ပွဲပြီးတဲ့အထိ လေကြောင်းကနေတိုက်သလို လက်နက်ကြီးတွေလည်းပစ်နေလို့ စခန်းကိုမီးရှို့ဖျက်ဆီးခဲ့တယ်" ဟု တော်လှန်ရေးသတင်းရင်းမြစ်တရပ်က ပြောသည်။ Read more:
https://bur.mizzima.com/2025/04/27/54505