အီရန်ကာကွယ်ရေးဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးဟောင်းဖြစ်သူ အာမက် ဗာဟီဒီအား အီရန်တော်လှန် ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ တပ်မှူးအသစ်အဖြစ် တနင်္ဂနွေနေ့တွင် ခန့်အပ်လိုက်ကြောင်း နိုင်ငံပိုင် မီဒီယာများက သတင်းထုတ်ပြန်လိုက်သည်။
၂၀၂၂ ခုနှစ် အီရန်တနိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြပွဲများအတွင်း လုံခြုံရေးတပ်ဖွဲ့များက အင်အားသုံး နှိမ်နင်းရာတွင် ဗာဟီဒီက ဦးဆောင်ခဲ့မှုကြောင့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုကို ခံထားရသူ ဖြစ် သည်။
ဗာဟီဒီသည် အီရန်၏ အချိုးမညီစစ်ဆင်ရေးမဟာဗျူဟာကို ရေးဆွဲရာတွင်လည်းကောင်း၊ ဒေသတွင်းမ ဟာမိတ်များ တည်ထောင်ရာတွင်လည်းကောင်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။
♦️ သတင်းအပြည့်အစုံ -
https://bur.mizzima.com/2026/03/01/83421#အီရန်
#တော်လှန်ရေးအစောင့်တပ်
#အာမက်ဗာဟီဒီ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews