ဒေသခံ ၃ ဦး အသတ်ခံရမှုအပေါ် စစ်ကော်မရှင်ကို တုံ့ပြန်မည်ဟု CDF Hakha ဆို

ပါခွီး

မဇ္ဈိမ ။ ။ ချင်းပြည်နယ် ၊ ဟားခါးမြို့တွင် ဒေသခံ အမျိုးသားသုံးဦးအား စစ်ကော်မရှင်က သတ်ဖြတ်ခဲ့သည့်အပေါ် ပြန်လည်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - ဟားခါး (CDF – Hakha) ဗဟိုကောင်စီ ဥက္ကဋ္ဌ က မဇ္ဈိမကိုပြောသည်။

“ဒီလိုသာ ပြည်သူ့အပေါ်မှာ ရက်စက်ကြမ်းကြုတ်နေမယ်ဆိုရင် ကျွန်တော်တို့လည်း ဒီအတိုင်း လက်ပိုက်မကြည့်ဘူး။ ပြည်သူက မြို့ထဲမှာနေရင်းနဲ့လည်း ခံနေရတယ်ဆိုရင်တော့ စစ်ခွေး(စစ်ကော်မရှင်တပ်ဖွဲ့ဝင်) နဲ့ ကျွန်တော်တို့က တိုက်ဖို့ပဲရှိတော့မှာ လိုအပ်သလို တုံ့ပြန်သွားဖို့ရှိမယ်” ဟု ၎င်းကဆိုသည်။

ဟားခါးမြို့ တွင်း နေထိုင်သူ အိမ်ထောင်ဦးစီးများဖြစ်သည့် ကလေး နှစ်ဦးဖခင် ဦးထောင်ဗန်မန်း (အသက်၃၁နှစ်) ၊ ကလေးတဦး ဖခင် ဦးဒေါဒ့်လှေစန်း အသက်(၂၈နှစ်) နှင့် ကလေးသုံးဦးဖခင် ဦးထောင်းတင်လျန် (အသက်၃၇နှစ်) တို့အား စစ်ကော်မရှင်က မတ်လ ၂၃ရက်နံနက် ၁၀နာရီနှင့် ၁၁နာရီအကြား တွင်ဖမ်းဆီးသတ်ဖြတ်ခဲ့သည် အပေါ် ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

၎င်းတို့သည် ငှက်ပစ်ရန် လေသေနတ်တွင်တပ်ဆင်လေ့ရှိသည့် စကုတ်(မှန်ပြောင်း)…

Comments

Be the first to add a comment