အီရန်က မိုင်ပေါင်း ၂,၀၀၀ ကျော် (ကီလိုမီတာ ၃,၂၀၀ ကျော်) ဝေးကွာသော ချားဂိုးစ်ကျွန်းစုရှိ ဒီရေဂိုဂါစီယာကျွန်းရှိ စစ်စခန်းကို တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဒုံးကျည်တစ်စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး ကျန်တစင်းမှာ "ပစ်မှတ်သို့ မရောက်ဘဲ ပျက်ကျခဲ့သည်" ဟု ရိဒ်က ပြောသော်လည်း အခြေစိုက်စခန်းနှင့် မည်မျှ နီးကပ်စွာ ကျရောက်ခဲ့သည်ကိုမူ ဖြေဆိုရန် ငြင်းသည်။

ဗြိတိန်က ပဋိပက္ခများ လျော့ပါးရန် ကြိုးပမ်းနေပြီး စစ်ပွဲအတွင်း ပိုမို နက်ရှိုင်းစွာ ပါဝင်မည်မဟုတ်ကြောင်း ရိဒ်က ပြောကြားကာ "ပဋိပက္ခ လျှော့ချရေးအပေါ် ကျွန်တော်တို့ အလေးအနက် ထားမှုကို တရွေးသားမျှ ပျက်ပြားစေမှာ မဟုတ်ဘူး" ဟု Sky News သို့ ပြောခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#ဗြိတိန်
#ရည်ရွယ်ချက်မရှိနိုင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment