Misinfor NLP
ညောင်လေးပင် ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စာမျက်နှာမှ ပုံဟောင်းများဖြင့် အလှူငွေကောက်ခံနေ ZZ(မဇ္ဈိမ) ။ ။ ဖေ့ဘုတ်မှာ "ညောင်လေးပင်ခရိုင် တပ်ရင်းအမှတ် ၃၇၀၂၊ တပ်ခွဲ ၃" ဆိုတဲ့ အမည်နဲ့ ပေ့ချ်တခု ထွက်ပေါ်နေပါတယ်။ ဒီပေ့ချ်ဟာ အခုနှစ် ၂၀၂၄ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကမှ စတင်အသုံးပြုခဲ့တာပါ။ ဒီပေ့ချ်ကို ကြိုက်နှစ်သက်သူ ၂၄၂ ဦးနဲ့ စောင့်ကြည့်သူ ၃၃၂ ဦးရှိနေပါတယ်။ မဇ္ဈိမ အချက်အလက် စစ်ဆေးသူတွေက ဒီဖေ့ဘုတ်ပေ့ချ်နဲ့ ပတ်သက်ပြီး အချက်အလက် စစ်ဆေးခဲ့ရာမှာတော့ ပုံဟောင်းတွေနဲ့ သတင်းဖော်ပြထားပြီး အလှူငွေကောက်ခံနေတာကို တွေ့ရပါတယ်။ မတ် ၂၅ ရက်နေ့မှာ ဒီပေ့ခ်ျကနေ ဖြန့်ဝေထားတဲ့ "ညောင်လေးပင်ခရိုင်အတွက် အကြမ်းဖက်စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၃သောင်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရ" ဆိုတဲ့ပို့စ်မှာ ဓာတ်ပုံလေးပုံပါဝင်နေပါတယ်။ ပထမဦးဆုံးပုံဟာ ၂၀၂၁ခုနှစ် မေလက ဒဂုံတက္ကသိုလ် ကျောင်းသားတွေတည်ထောင်ထားတဲ့ပေ့ခ်ျက ရေးသားထားတဲ့ ပို့စ်တစ်ခုမှာပါဝင်တဲ့ ဓာတ်ပုံဖြစ်ပါတယ်။ လင့် -
https://bit.ly/3xrUTCl ဒုတိယပုံဖြစ်တဲ့ အိမ်ခြေတွေမီးလောင်နေတဲ့ပုံဟာ ၂၀၂၃ခု ဇန်နဝါရီလက ဖလမ်းမြို့မှာဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ကပုံဖြစ်ပြီး
matupi.org ဝက်ဘ်ဆိုဒ်မှာဖြန့်ဝေထားပါတယ်။ လင့် -
https://bit.ly/3PXMcpxတတိယပုံကတော့ ၂၀၂၁ခုနှစ် ဧပြီလက Xလူမှုကွန်ရက်မှာ အကောင့်တစ်ခုကဖြန့်ဝေထားတဲ့ပုံဖြစ်နေတာကိုတွေ့ရပါတယ်။ လင့် -
https://bit.ly/3J8kW3Sနောက်ထပ် ဖေဖော်ဝါရီ ၂၇ရက်နေ့မှာ "ညောင်လေးပင် ပုဇွန်မြောင်းကျေးရွာကို စစ်ကောင်စီကအကြောင်းမဲ့ မီးတင်ရှို့နေဆိုတဲ့" ပို့စ်ကိုဖြန့်ဝေထားပြီး ဓာတ်ပုံနှစ်ပုံပါဝင်ပါတယ်။ အဲ့ဒီပို့စ်က ပထမပုံဟာ ၂၀၂၁ခု ဇန်နဝါရီမှာ ဖလမ်းမြို့က လူနေအိမ် ခြောက်လုံး မီးလောင်တုန်းက ဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ပုံဖြစ်ပြီး ခေါနူးသုမ် ဝက်ဘ်ဆိုဒ်မှာဖော်ပြထားပါတယ်။ လင့် -
https://bit.ly/3TS1aidထပ်ပြီး ဖေဖော်ဝါရီ ၂၆ရက်မှာပဲ လူနေအိမ်တွေမီးလောင်ပြာကျခဲ့တယ်ဆိုပြီးရေးသားဖြန့်ဝေထားကာ ဓာတ်ပုံ၃ပုံကိုလဲ ဖော်ပြခဲ့ပါတယ်။အဲ့ဒီဓာတ်ပုံတွေထဲက တတိယမြောက်ပုံဟာ ၂၀၂၃ခု ဒီဇင်ဘာလက မုဒုံမြို့မှာ လူနေအိမ်လေးလုံးမီးလောင်မှုဖြစ်စဉ်ကပုံဖြစ်ပါတယ်။ လင့် -
https://bit.ly/3J8EWDlဒီပုံတွေကိုကြည့်ခြင်းအားဖြင့် အဆိုပါပေ့ခ်ျဟာ ပုံအဟောင်းတွေကို ပြန်လည် အသုံးပြုပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စာမျက်နှာအဖြစ် အသုံးပြု နေတာကိုတွေ့ရပါတယ်။ ဒါ့အပြင် ဒီစာမျက်နှာဟာ အခုဆိုအလှူငွေတွေပါကောက်ခံနေတာကိုတွေ့ရပါတယ်။ ထပ်မံပြီး ညောင်လေးပင်ခရိုင် တပ်ရင်းအမှတ် ၃၇၀၂နဲ့ နီးစပ်သူတစ်ဦးကလည်း အဲ့ဒီစာမျက်နှာဟာ အတုဖြစ်တဲ့အကြောင်းကို မဇ္ဈိမကိုပြောပါတယ်ဒါ့ကြောင့် အခုထွက်ပေါ်နေတဲ့ ညောင်လေးပင်ခရိုင် တပ်ရင်းအမှတ် ၃၇၀၂၊ တပ်ခွဲ ၃ဆိုတဲ့ဖေ့စ်ဘုတ်စာမျက်နှာ ပုံအဟောင်းတွေကို အသုံးပြုပြီး အလှူငွေ လိမ်လည် ကောက်ခံနေတဲ့ ပေ့ချ်တစ်ခုဖြစ်တာကြောင့် ပြည်သူတွေလဲ ချင့်ချိန်ယုံကြည်ကြဖို့ ဖော်ပြလိုက်ရပါတယ်။ မဇ္ဈိမရဲ့ သတင်းဖတ်ရှုသူတွေအနေဖြင့် သတင်းတုလို့ သံသယရှိတဲ့ အချက်အလက်တွေ၊ သတင်းဆောင်းပါးတွေနဲ့ သတင်းမှားတွေကို ဒီလင့် "
t.ly/AjFbz " ထဲဝင်ပြီး အချက်အလက် ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါတယ်။ #Misinformation_Buster#Fake_News #Fake_Pages #ညောင်လေးပင်-----------------------------------------မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12USubscribe our channel:
https://www.youtube.com/channel/UCk9f0cLiMmtchQySOogzoig/joinFollow us: Facebook | Myanmar Language
https://bit.ly/3vCKbIzFacebook | English languagehttps://bit.ly/3J5UgADFacebook | Mizzima+TV
https://bit.ly/3eGNjdlTwitter https://twitter.com/MizzimaNewsTelegramhttps://bit.ly/3vEyqRUSportifyhttps://spoti.fi/3U4N91EGet Mizzima TV App Free
https://bit.ly/3U39QDBWebsite :
https://bit.ly/3vIkhTDhttps://bit.ly/4ajxPUEhttps://bit.ly/3RQ09VG.....................About us: Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.
https://www.youtube.com/watch?v=VNljr7AxWf4