နယ်စပ်ပဋိပက္ခများ မကြာခဏဖြစ်ပွားနေသော်လည်း အိမ်နီးချင်းနှစ်နိုင်ငံအကြား ရှေ့ဆက်ရမည့် နည်းလမ်းကို ရှာဖွေရမည်ဖြစ်ကြောင်းနှင့် ထိုင်းနှင့် တင်းမာမှုများကို ဖြေရှင်းရန် ကြိုးပမ်းအားထုတ်မှု များ ပိုမိုလုပ်ဆောင်ကြရန် ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် အရပ်ဘက်ဝန်ထမ်းရေးရာဝန်ကြီး ဟွန်မာနီက တိုက်တွန်းလိုက်သည်။

"၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် ပြောခဲ့သလိုပဲ ကျွန်တော်တို့ နှစ်နိုင်ငံက လျှာနဲ့သွားလိုပါပဲ၊ တနိုင်ငံနဲ့တနိုင်ငံ ခွဲခြားလို့မရပါဘူး။ တခါတလေမှာ သွားကလျှာကို ကိုက်မိလို့ အော်ဟစ်ရတာမျိုးရှိသလို၊ တခါတလေကျတော့လည်း လျှာကိုမကိုက်ဘဲ သွားအချင်းချင်း ပြန်ကိုက်မိလို့ သွားကျိုးရတာမျိုးလည်း ရှိတတ်ပါတယ်။" ဟု ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်၏ ပြောကြား ချက်များကို ကိုးကား၍ ဟွန်မာနီက ပြောကြားခဲ့သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/05/83904

#ထိုင်း
#ငြိမ်းချမ်းရေး
#ရရှိအောင်
#ဆောင်ရွက်ရန်
#ဟွန်ဆန်သား
#တိုက်တွန်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
---------------------------------------

Comments

Be the first to add a comment