မော်လ်တာနိုင်ငံအနီးတွင် ရုရှားအလံတင်သင်္ဘောတစင်းမီးလောင်ကျွမ်းခဲ့ကြောင်း အစောပိုင်းသတင်း များထွက်ပေါ်ခဲ့ပြီးနောက်၊ သဘာဝဓာတ်ငွေ့ရည်(LNG)များ သယ်ဆောင်လာသည့် ရုရှားသင်္ဘောသည် မြေထဲပင်လယ်တွင် ယူကရိန်းရေတပ်ဒရုန်း၏ တိုက်ခိုက်မှုခံခဲ့ရကြောင်း ရုရှားပို့ဆောင်ရေးဝန်ကြီး ဌာနက ဗုဒ္ဓဟူးနေ့တွင် အတည်ပြုလိုက်သည်။
ယင်းတိုက်ခိုက်မှုသည် အင်္ဂါနေ့တွင် ဥရောပသမဂ္ဂအဖွဲ့ဝင် မော်လ်တာနိုင်ငံ၏ ရေပိုင်နက်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Arctic Metagaz အမည်ရှိ သဘာဝဓာတ်ငွေ့ရည်များ သယ်ဆောင်လာသည့် ယင်းသင်္ဘောကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
♦️ သတင်း အပြည့်အစုံ -
https://bur.mizzima.com/2026/03/04/83833#ရုရှား
#LNG_သင်္ဘော
#ယူကရိန်း
#ရေတပ်ဒရုန်း
#တိုက်ခိုက်ခံရ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------