အရှေ့တောင်အာရှနိုင်ငံဖြစ်သော မြန်မာနိုင်ငံရှိ လူသားအားလုံးအတွက် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်မည့် "မြန်မာက ဦးဆောင်ပြီး မြန်မာ ကိုယ်ပိုင်" ဖြစ်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အိန္ဒိယနိုင်ငံက ထောက်ခံကြောင်း နိုင်ငံခြားရေးဝန်ကြီး ဂျေရှန်ကာက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

မြန်မာနိုင်ငံသည် အိန္ဒိယ၏ အဓိက နိုင်ငံခြားရေးမူဝါဒ (၃) ရပ်ဖြစ်သော ‘အိမ်နီးချင်း ဦးစားပေး' ‘အရှေ့မျှော်ဝါဒ’ နှင့် ဒေသတွင်း လုံခြုံရေးနှင့် ဖွံ့ဖြိုးမှုအတွက် အပြန်အလှန် ဘက်စုံမြှင့်တင်ရေးတို့ ဆုံစည်းရာတွင် တည်ရှိ၍ မြန်မာနှင့် ဆက်ဆံရေးကို အိန္ဒိယက အထူး အလေးထားကြောင်း ဝန်ကြီးက အသားပေး ပြောသည်။

အထက်ပါ မှတ်ချက်ပြုစကားကို ရန်ကုန်မြို့လယ်ရှိ အိန္ဒိယ အကူအညီဖြင့် တည်ဆောက်ခဲ့သော ‘စာဆိုဗိမာန်’ စာပေဗဟိုဌာန အဆောက်အအုံ ဖွင့်ပွဲအခမ်းအနားတွင် ဂျေရှန်ကာက အွန်လိုင်းမှတဆင့် ပြောခဲ့ခြင်း ဖြစ်သည်။ Read more: https://bur.mizzima.com/2026/03/05/83932

Comments

Be the first to add a comment