အီရန်၏ စစ်ရေးစွမ်းဆောင်ရည်များ သိသိသာသာအားနည်းသွားသည်အထိ အီရန်အပေါ် ဆင်နွှဲနေသော စစ်ဆင်ရေးများကို မရပ်တန့်ရန် အမေရိကန်ကို ပါရှန်းပင်လယ်ကွေ့ရှိ အာရပ်နိုင်ငံများက တိုက်တွန်းနေ ကြောင်း ဒေသတွင်းအရာရှိများကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြလိုက်သည်။
ယင်းအစိုးရများက အမေရိကန်အား စစ်ပွဲစတင်တိုက်ခိုက်ရန် တိုက်တွန်းခဲ့ခြင်းမျိုး မရှိသော်လည်း၊ စစ်ဆင်ရေးကို အချိန်မတိုင်မီ ရပ်တန့်လိုက်ပါက ၎င်းတို့၏ စီးပွားရေးအခြေခံအုတ်မြစ်ဖြစ်သော ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းများ၊ ရေနံအခြေခံအဆောက်အအုံများနှင့် စီးပွားရေးဗဟိုချက် များကို အီရန်က ဆက်လက်ခြိမ်းခြောက်နေမည်ကို စိုးရိမ်နေကြသည်။
♦️ သတင်းအပြည့်အစုံ -
https://bur.mizzima.com/2026/03/17/85195#အမေရိကန်
#အာရပ်နိုင်ငံများ
#အီရန်စစ်ပွဲ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews