ခေတ်မီအဆင့်မြင့်တိုက်လေယာဉ်များ မရှိခြင်းကြောင့် အီရန်၏ ဝေဟင်ပိုင်နက်မှာ အကာအကွယ် ကင်းမဲ့နေပြီး ၎င်းတို့တွင် ခေတ်မမီတော့သည့် MiG-29 များနှင့် (၁၉၈၆ ခုနှစ်က Top Gun ရုပ်ရှင်ထဲမှ နာမည်ကြီး) F-14 တိုက်လေယာဉ်ဟောင်းများသာ ရှိတော့သည်။ ပြီးခဲ့သည့် ဇွန်လအတွင်း ၁၂ ရက်ကြာ တိုက်ခိုက်မှုများကြောင့်လည်း အီရန်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များလည်း ပျက်စီးခဲ့ရသည်။ ထို့ကြောင့် အထက်ပါ ဒုံးကျည်လက်နက်တိုက်က အစ္စရေးနှင့် အမေရိကန်တို့၏ တိုက်ခိုက်မှုများကို အီရန်ဘက်က သမရိုးကျနည်းဖြင့် ပြန်လည်တုံ့ပြန်နိုင်မည့် အဓိကသော့ချက် ဖြစ်လာသည်။

ယင်းအချက်ကို ကောင်းစွာသိရှိထားသည့် အစ္စရေးက နွေရာသီကာလ ဗုံးကြဲတိုက်ခိုက်မှုများအတွင်း ယင်းဒုံးကျည်များကို ပစ်လွှတ်နိုင်စေမည့် ကိရိယာပစ္စည်းအများအပြားကို ဖျက်ဆီးခဲ့သည်။ ၎င်းတို့ထဲတွင် ကားပေါ်၌ တပ်ဆင်ထားလေ့ရှိသော ရွှေ့လျားဒုံးပစ်စင်များနှင့် အသေတပ်ဆင်ထားသော ဒုံးပစ်စင်များပါဝင်သည်။

Read more: https://bur.mizzima.com/2026/03/03/83613

Comments

Be the first to add a comment