စက်သုံးဆီတန်းစီရင်း မူးလဲ၊ သေဆုံးမှု ၄ ကြိမ်ထက်မနည်း ဖြစ်ပေါ်

YT

မဇ္ဈိမ။ ။ မြန်မာနိုင်ငံတဝန်းတွင် ဖြစ်ပေါ်နေသည့် စက်သုံးဆီအကြပ်အတည်းကြောင့် ဆီဆိုင်ကြီးများတွင် တန်းစီဝယ်ယူကြသူများ အပူဒဏ်ကြောင့် မူးလဲခြင်းနှင့် သေဆုံးခြင်းများ ဖြစ်ပေါ်သည်မှာ လေးကြိမ်ထက်မနည်းရှိပြီဖြစ်သည်။

စစ်ကော်မရှင်က စက်သုံးဆီဝယ်ယူနိုင်ခွင့်ကို စုံ၊ မ ရက်ခွဲခြင်း၊ QR ကုတ်ဖြင့်သာ ဝယ်ယူခွင့် ပေးခြင်းအပြင် ယာဥ်အင်ဂျင်ပါဝါအလိုက် ဝယ်ယူနိုင်မည့် ဆီပမာဏကို ကန့်သတ်ထားပြီး အများဆုံး တပတ်လျှင် နှစ်ကြိမ်သာ ဝယ်ယူခွင့် သတ်မှတ်ထားသည်။

နိုင်ငံတဝန်းရှိ စက်သုံးဆီဆိုင်များတွင် လူကြီး၊ လူငယ်မရွေး ယာဉ်အစီးရေ ရာနှင့်ချီသည် စက်သုံးဆီ ရရှိရေး နေ့စဉ်တန်းစီနေကြပြီး နွေရာသီအပူဒဏ်ကို အမိုးအကာမဲ့ ရင်ဆိုင်နေကြရခြင်းဖြစ်သည်။

“ လူကြီးတွေ မပြောနဲ့ ကျွန်တော်တို့ လူငယ်တွေတောင်မခံနိုင်ဘူးဗျ။ ဆိုင်ကယ်နဲ့လူတွေဆို ပိုခံရတာပေါ့။ ပြီးတော့ဗျာ နာရီနဲ့ချီ တန်းစီပြီး ရရင်ကျ အကန့်အသတ်နဲ့၊ တော်တော်ဆိုးဆိုးပဲ” ဟု လူငယ်တဦးက မဇ္ဈိမကို ပြောသည်။

ယနေ့ (မတ်လ ၂၇ ရက်) နံနက် ၁၀ နာရီဝန်းကျင် အချိန်တွင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့၌…

Comments

Be the first to add a comment