ညောင်လေးပင်တွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွား

YT

မဇ္ဈိမ။ ။ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့အနီးရှိ ကျေးရွာများတွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးအင်အားစုများအကြား မတ်လ ၅ ရက်က စ၍ ယနေ့ ( မတ်လ ၇ ရက် ) အထိ တိုက်ပွဲ သုံးရက်ဆက်ဖြစ်ပွားနေကြောင်း မြေပြင်သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

ပိန်းဇလုပ်မြို့ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၆၄) မှ ထွက်လာသည့် စစ်ကြောင်းသည် မြို့နှင့် သုံးမိုင်ကျော် အကွာ ရေတွင်းကုန်း၊ ကျောင်းကုန်း နှင့် ကံကလေး စသည့် ရွာများဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးပူးပေါင်းတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့နဲ့ဆို သုံးရက်လောက်ရှိပြီ။ ညောင်လေးပင်၊ ပိန်းဇလုပ် (၂၆၄) တည့်တည့်က ကံကလေး၊ ရေတွင်းကုန်း၊ ကျောင်းကုန်းမှာ အခုဖြစ်နေတာနော်” ဟု မြေပြင်သတင်းရင်းမြစ်က ဆိုသည်။

ထိုတိုက်ပွဲများအတွင်း တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဘက်မှ ရဲဘော်သုံးဦး ကျဆုံးကြောင်း ပဲခူးခရိုင် ပကဖ တာဝန်ခံ ရဲဘော်ဖြိုးမောင်က မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

ထိုသုံးရက်အတွင်း စစ်ကော်မရှင်တပ်က ရေတွင်းကုန်းရွာနှင့် ကျောင်းကုန်းရွာက အရပ်သားအချို့…

Comments

Be the first to add a comment