ဝေဟင်ပိုင်နက်များ စနေနေ့ကတည်းက ပိတ်ထားသဖြင့် လေကြောင်း ခရီးစဉ်ပေါင်း ၂၀,၀၀၀ ကျော် ရပ်နားထားရ၍ ကမ္ဘာတဝန်း လူပေါင်း ၁,၀၀၀,၀၀၀ ကျော်မှာ ခရီးတထောက်တွင် သောင်တင်နေကြသည်။

"ဒါဟာ လေကြောင်းကဏ္ဍကို နုန်းထဲ ဆွဲနှစ်ထားသလို အကျပ်အတည်းဆိုက်ရတဲ့ အခြေအနေကို ရောက်နေပြီ" ဟု လေကြောင်းအမှုဆောင်ဟောင်း ဟန်နရီဟတ်တီဗက်ဒ်က ဆိုသည်။

"အမေရိကန်က လေပိုင်နက်ပိတ်ရခဲ့တဲ့ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်မှုကြီး နောက်ပိုင်းမှာ အဆိုးရွားဆုံးနဲ့ အရှုပ်ထွေးဆုံး ဖြစ်ရပ်ပဲ" ဟု ဟတ်တီဗက်ဒ်က ယခု သီတင်းပတ်ကို ရည်ညွှန်းပြီး ခရီးသွားလာမှုအပေါ် ယခုလောက်အထိ ကာလရှည်ကြာပြီး ကျယ်ပြန့်စွာ ထိခိုက်စေသည့် ဖြစ်ရပ်မျိုး တခါမျှ မကြုံဖူးကြောင်းလည်း ပြောသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်စစ်ပွဲ
#ကမ္ဘာ့ခရီးသွားလုပ်ငန်း
#ခြိမ်းခြောက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
--------------------------------------------

Comments

Be the first to add a comment