စက်သုံးဆီဈေးနှုန်းများ ကျပ် ၁၀၀၀ ဝန်းကျင် ထပ်မံမြင့်တက်

001

မဇ္ဈိမ။ ။ နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် ယနေ့ (မတ် ၂၀)၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀ ဝန်းကျင် ထပ်မံမြင့်တက်လာကြောင်း စစ်ကော်မရှင်၏ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ သတ်မှတ်ချက်အရ သိရသည်။

အဆိုပါ ကော်မတီ သတ်မှတ်ချက်အရ ဓာတ်ဆီ 92 တလီတာလျှင် ကျပ် ၈၀၀ နီးပါး ၊ 95 တလီတာလျှင် ကျပ် ၉၀၀ ကျော်နှင့် ဒီဇယ်တလီတာလျှင် ကျပ် ၁,၂၀၀ ကျော် ထပ်မံ မြင့်တက်လာသည်ကို တွေ့ရသည်။

ထို့ကြောင့် စစ်ကော်မရှင် ရုံးစိုက်ရာ နေပြည်တော်တွင်လည်း ယမန်နေ့ (မတ် ၁၉) က 92 တလီတာလျှင် ကျပ် ၂,၉၁၀ ၊ 95 တလီတာလျှင် ကျပ် ၃,၀၁၀ ရှိခဲ့ရာမှ ယနေ့ 92 တလီတာလျှင် ကျပ် ၃,၆၉၀ နှင့် 95 တလီတာလျှင် ကျပ် ၃,၉၃၀ ရောက်ရှိလာသည်။

ပရီမီယံ ဒီဇယ်မှာလည်း ယမန်နေ့က တလီတာလျှင် ကျပ် ၃,၆၄၀ ရှိရာမှ ယနေ့ ၄,၉၀၀ အထိ စစ်ကော်ရှင်၏ ကော်မတီက တိုးမြှင့် သတ်မှတ်ထားသည်။

စက်သုံးဆီဈေးနှုန်းများသည် ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော်တို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ ဓာတ်ဆီ 92 တလီတာလျှင် ကျပ် ၂,၃၀၀ ကျော်မှ ၂,၄၀၀ ကျော်အတွင်းသ…

Comments

Be the first to add a comment