U.S. Agency for Global Media (USAGM) ကို ပြီးခဲ့သည့်နှစ်က ကယ်ရီလိတ်ခ် အချိန်အတော်ကြာ ဦးဆောင်ခဲ့မှုသည် ဖက်ဒရယ်ဥပဒေကို ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း ဖက်ဒရယ်တရားသူကြီးတဦးက ပြီးခဲ့သည့် စနေနေ့ (မတ်လ ၇) ရက်တွင် ဆုံးဖြတ်ခဲ့ပြီး Voice of America (VOA) ဌာနခွဲတွင် ဝန်ထမ်းအင်အားလျှော့ချခြင်းနှင့် လုပ်ငန်းလည်ပတ်မှုအများအပြားကို ရပ်ဆိုင်းခြင်း စသည့် သူမလုပ်ဆောင်ခဲ့သော ဆောင်ရွက်ချက်များစွာကို တရားမဝင်ကြောင်း ကြေညာခဲ့သည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလက စီအီးအိုဟောင်း အမန်ဒါဘန်းနတ် နုတ်ထွက်သွားချိန်တွင် လိတ်ခ်သည် USAGM ဝန်ထမ်းမဟုတ်ခြင်း၊ အခြားဖက်ဒရယ်ရာထူးတခုခုအတွက် အထက်လွှတ်တော်၏ အတည်ပြုချက် ရရှိထားသူ မဟုတ်ခြင်းတို့ကြောင့် သူမသည် ခေတ္တစီအီးအိုအဖြစ် တာဝန်ထမ်းဆောင်ရန် အရည်အချင်းမပြည့်မီကြောင်း တရားသူကြီးက ထောက်ပြခဲ့သည်။ လစ်လပ်ရာထူးများဆိုင်ရာ အက်ဥပဒေအရ လစ်လပ်နေသော ရာထူးနေရာတွင် တရားဝင် တာဝန်ထမ်းဆောင်ခြင်း မရှိသူ၏ ဆောင်ရွက်ချက်မှန်သမျှသည် "အကျိုးသက်ရောက်မှု မရှိစေရ" ဟု တရားသူကြီး လမ်ဘာ့သ်က ဆုံးဖြတ်ခဲ့သည်။
♦️ သတင်းအပြည့်အစုံ -
https://bur.mizzima.com/2026/03/08/84259#VOA