ဖိလစ်ပိုင်၏ စီးပွားရေးအနာဂတ်အတွက် အာဆီယံကို ဗဟိုပြုသည့် မူဝါဒက ပိုမိုအကျိုးရှိစေမည်ဖြစ်သော်လည်း၊ ဖိလစ်ပိုင်အစိုးရသည် တရုတ်ကို တန်ပြန်ရန်အတွက် အမေရိကန်နှင့် မဟာမိတ်ဖွဲ့ခြင်းကိုသာ ရွေးချယ်ခဲ့သည်။
ရေတိုစစ်ပွဲတခုသည် စီးပွားရေးအဆင့်အတန်းကို ရုတ်ချည်းထိခိုက်စေနိုင်သည်။ ထိုသို့မဟုတ်ဘဲ ရေရှည် ပိတ်ဆို့မှုတခု ဖြစ်ပွားခဲ့ပါကမူ စီးပွားရေးအဆင့်အတန်းကို ထိခိုက်ရုံသာမက နိုင်ငံ၏ တိုးတက်မှုနှုန်းကိုပါ အမြဲတမ်းနိမ့်ကျသွားစေနိုင်သည်။
လတ်တလောရိုက်ခတ်မှုအဖြစ် ပဋိပက္ခဖြစ်ပွားပြီး ပထမသုံးနှစ်အတွင်း ကုန်သွယ်မှုပမာဏ ၁၅ ရာခိုင်နှုန်း၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ၅၀ ရာခိုင်နှုန်း နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးဝင်မှု ၆၀ ရာခိုင်နှုန်းခန့် ထိုးကျသွားမည်ဖြစ် သည်။ ရင်းနှီးမြှုပ်နှံမှု အချိုးအစားသည်လည်း ဂျီဒီပီ၏ သုံးရာခိုင်နှုန်းမှ လေးရာခိုင်နှုန်းခန့်အထိ လျော့ကျသွားမည်ဖြစ်သည်။
♦️ သတင်း အပြည့်အစုံ -
https://bur.mizzima.com/2026/02/25/83057#ထိုင်ဝမ်စစ်ပွဲ
#ဖြစ်ပေါ်လာပါက
#ဖိလစ်ပိုင်
#ပေးဆပ်ရမည့်
#ကြီးမားသော
#တန်ဖိုးများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------