မဇ္ဈိမ ။ ။ နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးခံရသူ ဦးရေ ၇,၃၃၇ နှင့် အခြားအမှုများဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၂,၈၂၅ ဦး စုစုပေါင်း အကျဥ်းသူ ၊ အကျဥ်းသား ဦးရေ ၁၀,၁၆၂ ကို စစ်ကော်မရှင်က ယနေ့ (မတ်လ ၂ ရက်) တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် လွှတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့သည်။
နိုင်ငံရေးပုဒ်မများ ဖြစ်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) နှင့် ပုဒ်မ ၅၂(က) ဖြင့် တရားစွဲဆိုခံရသူများ၊ ယင်းပုဒ်မများဖြင့် ထွက်ပြေးတိမ်းရှောင်နေ၍ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ ဖြင့် တရားစွဲဆိုခံရသူများ စုစုပေါင်း ၁၂,၄၈၇ ဦး၏ အမှုများကိုလည်း စစ်ကော်မရှင်က ပိတ်သိမ်းလိုက်သည်။ Read more:
https://bur.mizzima.com/2026/03/02/83477