(မဇ္ဈိမ) ။ ။ အာဏာသိမ်း စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲကို အသိအမှတ် မပြုရန်ဆိုသည့်အချက်ကို လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ် စားလှယ်များ (APHR) အဖွဲ့နှင့်တွေ့ဆုံစဉ် အဓိကထား ဆွေးနွေးခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၏ အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်က မဇ္ဈိမကို ပြောသည်။ Read more:
https://bur.mizzima.com/2025/02/28/47965“အာဏာသိမ်းပြီးကာစ ၂၀၂၁ မှာပဲ ဘုံသဘောတူညီချက်ရခဲ့တယ်။ အဲ့ ဘုံသဘောတူညီချက်ကိုပဲ မလေးရှားက အလှည့်ကျ ဥက္ကဋ္ဌအဖြစ်တာဝန်ယူတဲ့ အချိန်မှာ အဓိက ဒီအတိုင်းအကောင်အထည်ဖော်ဖို့ပေါ့နော် စကစကို၊ နောက်ပြီးတော့ ဒီဘုံသဘောတူညီချက်ထဲမှာ ရွေးကောက်ပွဲလုပ်ရမယ်ဆိုတဲ့ အချက်က လုံးဝမပါဝင်ဘူးပေါ့၊ နောက်ထပ် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာလည်း ရွေးကောက်ပွဲအခုလုပ်ပါဆိုတာ တိုက်တွန်းထားတဲ့ အချက်ကလုံးဝမပါဘူးပေါ့” ဟု CRPH အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့် ပြောသည်။