အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော ပြင်းထန်သည့်စစ်ပွဲအတွင်း အစ္စရေးဘက် တွင် ထိခိုက်သေဆုံးမှု သီတင်းသုံးပတ်ကြာ နည်းပါးခဲ့သော်လည်း၊ အစ္စရေးတောင်ပိုင်း သဲကန္တာရမြို့ ဖြစ်သော အာရတ်ဒ်မြို့သို့ အီရန်က ပစ်လွှတ်လိုက်သည့် ပဲ့ထိန်းဒုံးကျည်များ၏ ပြင်းထန်သော ပေါက်ကွဲ မှုများက အခြေအနေအရပ်ရပ်ကို သတိပြုမိစေရန် ဆိုးရွားသော သတိပေးချက်တခု ဖြစ်လာခဲ့သည်။

“အရင်က တခါမှမကြားဖူးတဲ့ အရမ်းတုန်လှုပ်စရာကောင်းတဲ့ ပေါက်ကွဲသံကြီးပါပဲ။ ဒါက တကယ့်ကို အံ့ဩစရာကောင်းတဲ့ အသက်ဘေးက လွတ်မြောက်မှုဖြစ်ပြီး လူတွေသေဆုံးမှုမရှိတာကိုပဲ ဘုရား သခင်ကို ကျေးဇူးတင်ရမှာပါ" ဟု အသက် ၃၉ နှစ်အရွယ် ဒေးဗစ်က ပြောကြားခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#အစ္စရေး
#လေကြောင်းကာကွယ်ရေးစနစ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment