Mizzima
နတ်တလင်းတွင် အမျိုးသမီး အပါ သက်ကြီးပိုင်းဒေသခံ ၃ ဦးကို စစ်ကော်မရှင်တပ် ပစ်သတ်
MTO
မဇ္ဈိမ ။ ။ ပဲခူတိုင်း၊ နတ်တလင်းမြို့နယ် အနောက်ခြမ်းရှိ ဖလံပင်ကျေးရွာကို စစ်ကော်မရှင်တပ်ဖွဲ့ က စစ်ကြောင်းထိုးဝင်ရောက်ပြီး ဖလံပင်ရွာခံ သုံးဦးကို ပစ်သတ်ပြီးနောက် ငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
အင်အား ၁၀၀ ခန့်ပါ စစ်ကော်မရှင်တပ်စစ်ကြောင်းသည် မတ်လ ၁၆ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် ဖလံပင်ရွာကို စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ဒေသခံ တဦးက မဇ္ဈိမသို့ ပြောသည်။
၎င်းက “စစ်ကြောင်းထိုးလာတဲ့အချိန် တိုက်ပွဲ ဖြစ်သေးတယ်။ ပြီးမှဖလံပင်ရွာထဲ ဝင်လာပြီး ဒေသခံတွေကို သတ်သွားတာ၊ ဖမ်းခံရတဲ့သူတွေလည်းရှိတယ်" ဟု ပြောသည်။
စစ်ကော်မရှင်တပ်ဖွဲ့သည် ဖလံပင်ရွာခံများဖြစ်သည့် ဦးဌေးအောင် (၄၈နှစ်)၊ ဦးချစ်ထွန်း (၆၅နှစ်) နှင့် ဒေါ်ခင်ရီ (၆၅နှစ်) တို့အား ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်းသိရသည်။
ယင်းအပြင် ဦးဖိုးကုန်း မိသားစုဝင် လေးဦး နှင့် သေဆုံးသွားသူ ဦးဌေးအောင် ၏ ဇနီး ဒေါ်ကေသီ (၄၀နှစ်) တို့ကိုလည်း ဖမ်းဆီးထားကြောင်း ဒေသခံအဖွဲ့ အစည်းများထံမှ သိရသည်။
စစ်ကော်ရှင်တပ်စစ်ကြောင်းသည် မတ်လ ၁၆…
Comments
Be the first to add a comment