အီရန်နိုင်ငံအနောက်ပိုင်းရှိ လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်ရန် သင့်၊ မသင့်နှင့် တိုက်ခိုက်မည့်နည်းလမ်းများနှင့်ပတ်သက်ပြီး အီရန်ကာ့ဒ် လက်နက်ကိုင်အဖွဲ့များသည် မကြာသေးမီရက်ပိုင်းက အမေရိကန်နှင့် တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း အဆိုပါကိစ္စရပ်ကို သိရှိသည့် သတင်းရင်းမြစ် သုံးခုက ပြော သည်။

အီရတ်-ကာ့ဒ်ဒစ္စတန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အီရန်-အီရတ် နယ်စပ်တွင် အခြေစိုက်ထားသော အီရန်-ကာ့ဒ် မဟာမိတ်အဖွဲ့များသည် အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ်များကို ဗုံးများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်နေစဉ်အတွင်း အီရန်စစ်တပ် အင်အားချည့်နဲ့သွားစေရန် ရည်ရွယ်၍ အဆိုပါတိုက်ခိုက်မှုအတွက် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/04/83836

#အီရန်
#စစ်ဆင်ရေး
#ဆောင်ရွက်နိုင်ခြေအပေါ်
#အမေရိကန်
#ကာ့ဒ်
#လက်နက်ကိုင်အဖွဲ့များ
#ဆွေးနွေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------

Comments

Be the first to add a comment