Mizzima
မြိတ်လေတပ်စခန်းဌာနချုပ်ကို တော်လှန်ရေးတပ်များ ဒရုန်းဖြင့် တိုက်ခိုက်
YT
မဇ္ဈိမ။ ။ တနင်္သာရီတိုင်းအတွင်းရှိ တော်လှန်ရေးတပ်များနှင့် အရပ်သားပြည်သူများ နေထိုင်ရာ ဒေသများသို့ ဦးတည် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိနေသည့် စစ်ကော်မရှင်တပ်၏ မြိတ်လေတပ်စခန်းဌာနချုပ်အား တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
ယမန်နေ့ (မတ်လ ၁၂ ရက်) ည ၈ နာရီကျော်မှစ၍ မတ်လ ၁၃ ရက် နံနက် ၁ နာရီဝန်းကျင်အထိ မြိတ်မြို့ပြင်ရှိ မြိတ်လေတပ်စခန်းဌာနချုပ်အား တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များက ဒရုန်းများဖြင့် ဗုံးလေးကြိမ် ကြဲချတိုက်ခိုက်ခြင်းဟု သိရသည်။
“ တညတည်းနဲ့ လေးကြိမ်တိတိချတယ်။ လေတပ်ထဲအထိ ထိခိုက်မှုရှိတယ် အပျက်အစီးရှိတယ်။ မြို့ခံတွေပြောတာက လေတပ်အနီးအနားဝန်ကျင်က အိမ်တွေပါ တုန်ခါသွားတယ်၊ အသံလည်း အကျယ်ကြီးပဲလို့သိရတယ်။ တညလုံး ဒရုန်းချတယ်။ ည ၈နာရီကနေ ည ၁ နာရီကျော်အထိပေါ့” ဟု တနင်္သာရီတိုင်း တော်လှန်ရေးသတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။
ထိုတိုက်ခိုက်ခံရမှုကြောင့် မြိတ်လေတပ်အတွင်း ထိခိုက် ပျက်စီးမှုများ ရှိကြောင်း သတင်းရင်းမြစ်က ပြောသော်လည်း…
Comments
Be the first to add a comment