"ရုရှားရဲ့ လုံခြုံရေးကို အာမခံချက်ပေးပြီး ထိရောက်တဲ့ မဟာဗျူဟာမြောက် ဟန့်တားမှုနဲ့ ကမ္ဘာ့အင်အားချိန်ခွင်လျှာကို ထိန်းညှိပေးနိုင်တဲ့ နျူကလီးယားအင်အားစု သုံးရပ် ဖွံ့ဖြိုးတိုးတက်ရေးဟာ အဓိကဦးစားပေးအဖြစ် ဆက်လက်ရှိနေမှာ ဖြစ်ပါတယ်" ဟု ပူတင်က ဗီဒီယိုမိန့်ခွန်းတခုတွင် ပြောဆိုခဲ့သည်။
ပူတင်က "ကြည်းတပ်နဲ့ ရေတပ်ကို ဆက်အားကောင်းအောင် လုပ်ဆောင်သွားမယ်" ဟု ကတိပြုခဲ့ပြီး လေးနှစ်နီးပါး ကြာမြင့်လာပြီဖြစ်သော ယူကရိန်းပဋိပက္ခမှ စစ်ရေးအတွေ့အကြုံများကိုလည်း ထုတ်ယူအသုံးပြုသွားမည်ဟု ဆိုသည်။
လက်ရုံးတပ်ဖွဲ့အားလုံး၏ "တိုက်ပွဲဝင်အသင့်ဖြစ်မှု၊ ရွှေ့ပြောင်းလှုပ်ရှားနိုင်မှုနှင့် အခက်ခဲဆုံး အခြေအနေများတွင်ပင် စစ်ဆင်နိုင်စွမ်း" အပါအဝင် ကဏ္ဍစုံကို မြှင့်တင်သွားမည်ဟုလည်း ပူတင်က ပြောကြားခဲ့သည်။
♦️ သတင်းအပြည့်အစုံ -
https://bur.mizzima.com/2026/02/23/82852#ရုရှား
#နျူကလီးယားတပ်ဖွဲ့များ
#ပူတင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews