Mizzima
မြဝတီတောင်ဘက်ခြမ်း စစ်ကော််မရှင်လေကြောင်းက ဗုံးကြဲ
YT
မဇ္ဈိမ။ ။ မြဝတီမြို့နယ် တောင်ဘက်ခြမ်း၊ ထိုင်း- မြန်မာနယ်စပ်အနီးရှိ မင်းလက်ပံ၊ ဖလူး ဒေသတဝိုက်အား ယနေ့ (မတ်လ ၂၆ ရက်)၌ စစ်ကော်မရှင်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းက လေယာဉ်သုံးကြိမ်ခန့် ပတ်ဝဲပြီးနောက် ဖလူး၊ ကျွန်းတောနှင့် ရသေ့ဂူအနီးတဝိုက်အား လေကြောင်းမှ ဗုံးကြဲသွားခြင်းဟု သိရသည်။
“ လေယာဉ်သုံး၊ လေးခေါက် ပတ်ပြီး ဗိုလ်ကလနကုန်းရယ် ရသေ့ဂူဘက်ရယ် အဲ့ဒီဘက်ကိုပဲ ကြဲသွားတယ်။ အဲ့ဒီနေရာတွေက မကြာခဏ အကြဲခံရတယ်။ အဲ့ဒီနားတွေမှာက တိုက်ပွဲတွေ အများဆုံးဖြစ်တာပဲ” ဟု မင်းလက်ပံ သတင်းရင်းမြစ်က ပြောသည်။
စစ်ကော်မရှင်တပ်က မြေပြင်စစ်ကြောင်း၊ လက်နက်ကြီးပစ်ကူ၊ ဒရုန်း၊ လေကြောင်းပစ်ကူများဖြင့် ထိုးစစ်ဆင်ရန် ကြိုးစားနေသည့် မြဝတီမြို့နယ်တောင်ဘက်ခြမ်း၊ ဖလူး၊ မင်းလက်ပံဒေသတဝိုက်၌ စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များအကြား စစ်ရေးအခြေအနေများ ဆက်လက်တင်းမာနေကြောင်း သိရသည်။
စစ်ကော်မရှင်တပ်က ထိုဒေသတကြောကို အပြည့်အဝ ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၅ခုနှစ် အောက်တိုဘာလအတွင်ကစ၍…
Comments
Be the first to add a comment