Mizzima
အိန္ဒိယမှ မြန်မာနိုင်ငံသို့ နယ်စပ်မှတဆင့် တရားမဝင် စက်သုံးဆီတင်သွင်းမှု တားမြစ်
ပါခွီး
မဇ္ဈိမ ။ ။ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်မှ မြန်မာနိုင်ငံသို့ နယ်စပ်မှတဆင့် စက်သုံးဆီများ တရားမဝင်တင်ပို့မှုကို ပိတ်ပင်တားမြစ်လိုက်ကြောင်း ရှဟာ (Siaha) ခရိုင် အုပ်ချုပ်ရေးမှူးက ထုတ်ပြန်လိုက်သည်။
လက်ရှိတွင် အချို့သောသူများသည် အမြတ်အစွန်းအတွက် မြန်မာနိုင်ငံဘက်သို့ ပြန်လည်ရောင်းချရန် ရည်ရွယ်ကာ စက်သုံးဆီအမျိုးမျိုးကို အလုံးအရင်းဖြင့် ဝယ်ယူနေကြသဖြင့် ဒေသခံများ အခက်အခဲဖြစ်လာနိုင်သောကြောင့် ယခုကဲ့သို့ တားမြစ်ရခြင်းဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး VL Hruaizela Khiangte က မတ်လ ၂၀ရက်စွဲ ဖြင့် ထုတ်ပြန်သည်။
“ဟုတ်တယ် အမိန့်ကတော့ထွက်လာတယ် ။ ဒါပေမဲ့ လုံးဝမသွားနိုင်တာတော့ မရှိသေးဘူး ။ နားလည်မှုနဲ့ လုပ်ကိုင်လို့ရနေသေးတယ် ။ နောက်တော့ ဘယ်လိုဖြစ်မယ်ဆိုတာ မသိသေးဘူး” ဟု မြန်မာပြည်ဘက်သို့ စက်သုံးဆီတင်ပို့နေသည့် ကုန်သည်တဦးက မဇ္ဈိမ ကိုပြောသည်။
မီဇိုရမ်တောင်ပိုင်းရှိ ရှဟာ ၊ လောင်တလိုင်နှင့် လုံးလေမြို့များတွင် စက်သုံးဆီဆိုင်ကြီး ၁၃ ဆိုင်ရှိသည့်အနက် အစိုးရဆိုင်မှာ သုံးဆိုင်သာရှိသည်။…
Comments
Be the first to add a comment