ယူကရိန်းကို ရုရှားက တင်းပြည့်ကျူးကျော်တိုက်ခိုက်ခဲ့သည့် အချိန်မှစ၍ တရုတ်က ရုရှားအပေါ် ထောက်ခံအားပေးနေမှုများကို လျှော့ချစေရေးအတွက် သံတမန်ရေးအရ ဖိအားပေးမှုများနှင့် စီးပွားရေး ပိတ်ဆို့မှုများဖြင့် စည်းရုံးသိမ်းသွင်းရန် အနောက်နိုင်ငံမူဝါဒချမှတ်သူများက ငြင်းခုံဆွေးနွေးလာခဲ့သည် မှာ ကြာပြီ ဖြစ်သည်။
သို့သော် စစ်ပွဲက ငါးနှစ်ထဲ ဝင်ရောက်လာသည်နှင့်အမျှ တရုတ်၏ ထောက်ခံအားပေးမှုမှာ ပိုမိုနက်ရှိုင်း လာခဲ့သည်။ တရုတ်က စွမ်းအင်ဝယ်ယူမှုများ၊ ဒရုန်းထုတ်လုပ်ရေးအတွက် အရေးပါသော တွင်းထွက် ပစ္စည်းများနှင့် အီလက်ထရွန်နစ်အစိတ်အပိုင်းများ၊ စက်မှုအသုံးအဆောင်ပစ္စည်းများကဲ့သို့သော စစ်ဘက်-အရပ်ဘက်နှစ်သွယ်သုံးပစ္စည်းများကို အဆက်မပြတ် ပံ့ပိုးပေးခြင်းဖြင့် ရုရှားအတွက် အရေးပါ သော စီးပွားရေး အသက်သွေးကြောဖြစ်လာကြောင်း ဥရောပ အဆင့်မြင့်အရာရှိများက ပြောကြားခဲ့ သည်။
♦️ ဆောင်းပါး အပြည့်အစုံ -
https://bur.mizzima.com/2026/02/24/82929#ယူကရိန်းစစ်ပွဲ
#တရုတ်
#ဥရောပ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews