မိန်းမအတွက်ဝန်ကြီးဖြစ်အောင်ကြိုးစားမယ့်လူ📱

Nene Raju Nene Mantri (2017)
📱

(ငါသည် ဧကရာဇ်. .ငါသည် ဝန်ကြီး)

ဒီအပတ်မှာ ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးချင်တဲ့ တောလီးဝုဒ်စတားတစ်ယောက်ကတော့ ဘာဟူဗလီကားမှာ မင်းသားဖြစ်တဲ့သူနဲ့ အပြိုင်အဆိုင်ကြမ်းခဲ့ရမ်းခဲ့တဲ့ ဗီလိန်မင်းသားပါ။
သင့်အနေနဲ့ အောင်မြင်တဲ့ယောင်္ကျားတစ်ယောက်ဖြစ်ချင်ရင် မိန်းမယူမှဖြစ်လိမ့်မယ်။ 

'ဆိုရိုးတောင်ရှိတယ်လေ၊ 'အောင်မြင်တဲ့ယောင်္ကျားတစ်ယောက်ရဲ့ နောက်ကွယ်မှာ မိန်းမတစ်ယောက် အမြဲရှိတယ်'ဆိုလား။ လူဆိုတာက ကိုယ်တိုးတက်ဖို့အတွက် ကိုယ်ချစ်ရတဲ့သူက အားပေးရင် ဘာမဆို မစဉ်းစားဘဲ တုံးတိုက်တိုက်ကျားကိုက်ကိုက် ရှေ့ဆက်တိုးကြဖို့ အသင့်ပဲ။

ဒီကားလေးက ဂျိုဂန်ဒရာနဲ့ ရဒ်ဟတို့ရဲ့
သာမာန်မိသားစုလေးကို အခြေပြုဇာတ်အိမ်ဖွဲ့ထားတဲ့ကား။

သူတို့အိမ်ကလေးမှာ အိမ်ရဲ့ဆည်းလည်းသံ ရင်သွေးရတနာက အိမ်ထောင်ကျပြီးလို့ တော်တော်ကြာတဲ့အထိ မရနိုင်ခဲ့ဘူး။ သူတို့ကလည်း ကလေးတအားလိုချင်တယ်။ဒီလိုနဲ့ ရဒ်ဟမှာ ကိုယ်ဝန်ရလာချိန် ဘုရားဆီမှာ မီးပူဇော်ပြီးဆုတောင်းတော့ ရွာအကြီးအကဲရဲ့မိန်းမက သူ့ထက်အရင် မီးပူဇော်ရမလားဆိုပြီး တွန်းလိုက်တာ ကလေးက ပျက်ကျသွားရော။

ဒါနဲ့ ရဒ်ဟကလည်း ဂျိုဂန်ဒရာကို သူအခုလိုအတွန်းခံရတာ ရွာလူကြီးရဲ့မိန်းမမဖြစ်လို့ အတွန်းခံရတာ။ ဒီတော့ ရှင့်ကိုရွာလူကြီးအဖြစ် မြင်ချင်တယ်လို့ ဂျိုဂန်ဒရာကို ပြောလိုက်ရော။
ဒါနဲ့ ဂျိုဂန်ဒရာလည်း မိန်းမကပေးတဲ့ ခွန်အားတစ်စုံနဲ့ ကြိုးစားလိုက်တာ ရွာလူကြီးအဆင့်တင်မဟုတ်တော့ဘဲ ဗဟိုဝန်ကြီးရာထူးအထိ တက်လှမ်းနိုင်ခဲ့တယ်။

ဒါပေမဲ့ ဗဟိုဝန်ကြီးဖြစ်ဖို့ သူ့မှာက နိုင်ငံရေးအတွေ့အကြုံမရှိတော့ ဖြစ်နိုင်ပါ့မလား။ ဒါမှမဟုတ် 'မဘက်လိုက်တော့ မိုက်ဘက်ပါ' ဆိုသလို ကြံမိကြံရာကြံလို့ ကြိုးပေးခံရမလားဆိုတာတော့  ပရိသတ်ကြီးပဲ ကြည့်ရှုအားပေးကြပါဦး

အညွှန်း နှင့် ဘာသာပြန် - ဝင်းမိုးဦး

          
" ထပ်ဆင့်အညွှန်း "

တောင်ပိုင်းကားတွေထဲမှာ ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ရင်ထဲမှာတသသ ဖြစ်ကျန်ရစ်စေမယ့် ကားထဲမှာ ဒီကားလေး ပါတယ်။ ကျွန်တော်တို့ ယောက်ျားတွေဟာ ကိုယ့်အိမ်မှာ စားစရာမရှိချိန် ကန်စွန်းရွက်ကြော်နဲ့ စားရတာကို ရှက်စရာလို့ မြင်ပြီး

ငွေကြေးချမ်းသာပြီး အောင်မြင်လာတဲ့အခါ ကြယ်ငါးပွင့်ဟော်တယ်ကြီးတွေမှာ "ကန်စွန်းပလိမ်း တစ်ပွဲဟေ့"လို့ အာဘောင်အာရင်းသန်သန်နဲ့ ဂုဏ်ယူဝင့်ကြွားစွာ မှာစားတတ်တဲ့ အမျိုးပါ။

အောင်မြင်မှုလမ်းကြောင်းပေါ်ကို တက်လှမ်းမယ့်သူတွေရော ကိုယ့်ကိုကိုယ် အောင်မြင်နေပြီလို့ ခံယူထားသူတွေပါ.. တကယ့်ကို အချိန်ပေးပြီး ကြည့်သင့်ပါတယ်။

ထပ်ဆင့်အညွှန်း - မြင့်သူ(ငှက်ကြီး)
ကြည့်ရန်🔽🔽
https://t.me/Shikf07/2176

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9

Comments

Be the first to add a comment