"A Resistance"============
ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် လွတ်လပ်ရေးကြိုးပမ်းမှု လှုပ်ရှားသူတစ်ယောက်ရဲ့ ထောင်တွင်းဘဝအကြောင်းကို သရုပ်ဖော်ရိုက်ကူးထားတဲ့ သမိုင်းနောက်ခံ ဒရာမာဇာတ်ကားအမျိုးအစား ဖြစ်ပါတယ်...
ကိုရီးယားနိုင်ငံကို ဂျပန်တွေသိမ်းပိုက်ပြီးနောက်ပိုင်းမှာ ကိုရီးယားလူမျိုးတွေက ပြည်တွင်းကရော ပြည်ပကပါ နည်းမျိုးစုံနဲ့ တော်လှန်ခဲ့ကြတယ်...
အဲ့ဒီတော်လှန်ရေးမှာ အသက် ၁၇ နှစ်အရွယ် ကျောင်းသူတစ်ယောက်ဖြစ်တဲ့ ယူဂွမ်ဆွန်းလည်း ပါဝင်ခဲ့ပြီး အဖမ်းခံခဲ့ရကာ နိုင်ငံရေးအကျဥ်းသား ဖြစ်သွားခဲ့တယ်... ၁၀ ပေပတ်လည်အခန်းထဲမှာ လူ အယောက် ၂၀ လောက်ထည့်ထားတဲ့အတွက် အိပ်ရင်တောင် အလှည့်ကျနဲ့ အိပ်ရသလို နည်းမျိုးစုံနဲ့ ဖိနှိပ်ထားတဲ့ အကျဥ်းထောင်ထဲမှာ အလျှော့မပေးဘဲ ရရာနည်းလမ်းနဲ့ ဆက်ပြီး တော်လှန်တိုက်ပွဲဝင်ခဲ့သလို နောက်ဆုံးထွက်သက်အထိ ဂျပန်တွေကို ဦးမညွှတ်ဘဲ ဆန့်ကျင်ခဲ့တယ်
ဒီဇာတ်လမ်းလေးမှာ သူမရဲ့ ထောင်တွင်းဘဝ အဖြစ်အပျက်တွေကို ခံစားကြည့်ရှုရမှာပါ...
မင်းသမီး ဂိုအာဆောင်း အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်"
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် -
https://bit.ly/44WaGEU#New ပြသမည့်ရက်။ ။ ၂၅.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
https://bit.ly/2VhJ12U”