PP LINK UPLOAD
🎬
ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်ရမယ့်ဇာတ်ကား
🎬
အညွှန်းဖတ်ရန်
🔽
🔽
မီရှာ ဟာ ငယ်စဉ်က ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုတစ်ခုကြောင့် ဘီးတပ်ကုလားထိုင် (Wheelchair) ကို အသုံးပြုနေရတဲ့ မင်းမျိုးမင်းနွယ် ဆင်းသက်လာသူ မသန်စွမ်း မိန်းကလေးတစ်ဦး ဖြစ်ပါတယ်။ သူမဟာ ဖခင်ဖြစ်သူနဲ့ နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်တောက်နေခဲ့ပြီးနောက်၊ ဖခင်ရဲ့ ဖိတ်ခေါ်ချက်အရ မိသားစုပိုင် နန်းတော်ဟောင်းကြီးဆီကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
သို့သော်လည်း နန်းတော်သို့ ရောက်ရှိချိန်မှာ ဖခင်ဖြစ်သူကို မတွေ့ရဘဲ ဖခင်၏ ဇနီးငယ်ဖြစ်သူ ရူခ်မိနီ (Chitrangada Singh) နှင့်သာ တွေ့ဆုံရပါတယ်။ ရူခ်မိနီက ဖခင်ဖြစ်သူမှာ အရေးကြီးကိစ္စဖြင့် ခရီးထွက်သွားသည်ဟု ပြောဆိုသော်လည်း မီရှာအတွက်တော့ အရာရာ မသင်္ကာစရာ ဖြစ်နေခဲ့ပါတယ်။
မကြာမီ နန်းတော်ကြီးထဲမှာ မီရှာတစ်ယောက် ထူးဆန်းတဲ့ အဖြစ်အပျက်တွေ၊ ဖခင်ဖြစ်သူရဲ့ အရိပ်အယောင်တွေကို တွေ့မြင်ကြားသိလာရပါတယ်။ သူမက ဖခင်ဖြစ်သူ အသတ်ခံလိုက်ရပြီလို့ သံသယဝင်ကာ အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ်။ သို့သော်လည်း အိမ်တော်ထိန်းနှင့် အခြားသူများကတော့ မီရှာ၏ စိတ်အခြေအနေကြောင့် စိတ်ထင်ယောင်ထင်မှားဖြစ်နေသည်ဟုသာ တုံ့ပြန်ကြပါတယ်။
ဖခင်ဖြစ်သူ တကယ်ပဲ အသတ်ခံရတာလား၊ ဘယ်သူတွေက ဘာရည်ရွယ်ချက်နဲ့ ဖုံးကွယ်ထားကြတာလဲ၊ မီရှာကို အမှန်တကယ် စိတ်ခြောက်ခြားအောင် "Gaslight" လုပ် (စိတ်ကစဉ့်ကလျားဖြစ်အောင် လှည့်စား) နေကြတာလား ဆိုတာကို လျှို့ဝှက်သည်းဖို ကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပါတယ်။
ကြည့်ရန်
⬇️
🔽
https://t.me/c/3956649250/801
ချန်နယ်အရင်Joinပါ
🔽
⬇️
https://t.me/+uapT4wtaLq9kYjll
Comments
Be the first to add a comment