"ဒါက တရားဝင် ပိတ်ဆို့တာမျိုး မဟုတ်ဘဲ အန္တရာယ်တွေကြောင့် ရပ်တန့်သွားတာဖြစ်ပါတယ်" ဟု ကုန်စည်စီးဆင်းမှုစောင့်ကြည့်ရေးကုမ္ပဏီ Kpler က ဆိုသည်။ ဟော်မုဇ်ရေလက်ကြားသည် ပုံမှန်အားဖြင့် တရက်လျှင် သင်္ဘောအစီးရေ ၈၀ မှ ၁၀၀ ခန့် ဖြတ်သန်းသွားလာနေပြီး ကမ္ဘာ့ရေနံသုံးစွဲမှု၏ ငါးပုံတပုံခန့်ကို သယ်ယူပို့ဆောင်ပေးနေသည့်လမ်းကြောင်း ဖြစ်သည်။ အစားထိုး အသုံးပြုနိုင်သော ပိုက်လိုင်းများမှာလည်း ယခုကဲ့သို့ အကြီးအကျယ် ရေနံပြတ်တောက်မှုမျိုးကို ဖြေရှင်းနိုင်စွမ်း မရှိပေ။

၎င်းတို့ထဲတွင် ရေနံစိမ်းတင်သင်္ဘော ၁၁၂ စီးနှင့် ကုန်သေတ္တာတင်သင်္ဘော ၁၁၄ စီး ပါဝင်သည်။ ထို့ပြင် ယူအေအီးနှင့် အိုမန် ကမ်းလွန်ပင်လယ်ပြင်တွင် စောင့်ဆိုင်းနေသော သင်္ဘောပေါင်း ၅၀၀ ခန့် ရှိသေးသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/04/83741

#ဟော်မုဇ်ရေလက်ကြား
#သင်္ဘော
#ပိတ်မိ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment