မကြာသေးမီက ChatGPT နှင့် အခြားသော ဘာသာစကားအခြေပြု AI (LLM) များထံမှ စိတ်ကျန်းမာရေး ဆိုင်ရာ အကြံဉာဏ်များ တောင်းခံလာသူ ပိုမိုများပြားလာသော်လည်း၊ ယင်း AI Chatbot များသည် စိတ်ကျန်းမာရေးနယ်ပယ်အတွက် အသင့်မဖြစ်သေးကြောင်း သုတေသနအသစ်များက ထောက်ပြနေ သည်။

ဘရောင်းတက္ကသိုလ်မှ သုတေသီများသည် စိတ်ကျန်းမာရေး ပညာရှင်များနှင့် နီးကပ်စွာ ပူးပေါင်းဆောင် ရွက်ခဲ့ပြီး AI chatbot များတွင် ထပ်တလဲလဲ ဖြစ်ပွားနေသော ပြဿနာရှိသည့် အပြုအမူပုံစံများကို ဖော်ထုတ်နိုင်ခဲ့သည်။

စမ်းသပ်စစ်ဆေးမှုများအရ Chatbot များသည် အကျပ်အတည်းဖြစ်ရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် မှားယွင်းမှုများရှိနေကြောင်း တွေ့ရှိခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84370

#ChatGPT
#AI
#စိတ်ကျန်းမာရေးအကြံပေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment