ဘယ်လ်ဂျီယံလက်ရွေးစဉ်ကစားသမားဟောင်း ရာဂျာ နိုင်ဂိုလန်ကို ကိုကင်းမှောင်ခိုတင်သွင်းမှု စုံစမ်းစစ်ဆေးရေးရဲ့ တစိတ်တပိုင်းအဖြစ် ရာဇဝတ်ဂိုဏ်းတခုမှာ ပါဝင်ပတ်သက်မှုဖြင့် စွဲချက်တင်ထားကြာင်း ဘရပ်ဆဲလ် အစိုးရရှေ့နေရုံးက အင်္ဂါနေ့မှာ ပြောပါတယ်။
အသက် ၃၆ နှစ်အရွယ် နိုင်ဂိုလန်ကို သတ်မှတ်ချက်တွေဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း ရှေ့နေရုံးက ပြောတယ်။ သူရဲ့ နောက်ထပ် ရုံးချိန်ရက်ကို သတ်မှတ်ပေးထားခြင်း မရှိပါဘူး။ Website Link >>
https://bur.mizzima.com/2025/01/29/45133