ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်အကြား တင်းမာမှုများ သိသာစွာ အရှိန်မြင့်တက်လာပြီး ယခုအခါ ကဘူးလ်မြို့ရှိ တာလီဘန် တည်နေရာများကို ပစ်မှတ်ထားသည့် ပါကစ္စတန်၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း တာလီဘန်အမြင့်ဆုံးခေါင်းဆောင် ဟီဘတ်တူလာ အက်ခွန်ဇာဒါလည်း သေဆုံးသွားနိုင်ကြောင်း သတင်းများ ထွက်ပေါ်လာသည်။
အဆိုပါ တိုက်ခိုက်မှုက ယခုလက်တလောနှစ်များအတွင်း Durand Line နယ်စပ်စည်းတလျောက် လေကြောင်းစီးနင်းမှုများ၊ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများနှင့် ထိခိုက်သေဆုံးမှုများ များပြားလာသည့် အပြင်းထန်ဆုံး ပဋိပက္ခများအကြား ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
အဆိုပါသတင်းများက အွန်လိုင်းပေါ်၌ အလျင်အမြန် ပျံ့နှံ့နေသော်လည်း နှစ်နိုင်ငံစလုံးမှ တာဝန်ရှိသူများကမူ အက်ခွန်ဇာဒါ၏ အခြေအနေကံကြမ္မာနှင့်ပတ်သက်ပြီး အတည်ပြုခြင်း မရှိသေးဘဲ ဒေသတွင်း၌ ထင်ကြေးပေးမှန်းဆချက်များနှင့် မရေရာမှုတို့က ပိုမို မြင့်တက်လာလျက်ရှိသည်။
♦️ သတင်း အပြည့်အစုံ -
https://bur.mizzima.com/2026/02/27/83251#ပါကစ္စတန်
#လေကြောင်း
#တိုက်ခိုက်မှု
#ခေါင်းဆောင်
#တာလီဘန်
#တပ်မှူးများ
#သေဆုံး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------