ထိုဗီဒီယိုအတွင်း မြို့ပြဧရိယာတခုပေါ်သို့ ဒုံးကျည်များ မိုးရွာသကဲ့သို့ ကျဆင်းနေသည်ကို တွေ့ရသော်လည်း နောက်ခံတွင် မြင်တွေ့ရသည့် အထပ်မြင့်အဆောက်အအုံများမှာ တဲလ်အဗစ်မြို့၏ မြို့ပြမြင်ကွင်းနှင့် ကိုက်ညီမှုမရှိကြောင်း Reuters သတင်းထောက်တဦးက ဆိုသည်။
Utrecht တက္ကသိုလ်မှ လက်ထောက်ပါမောက္ခ အိန်ဂျလိုစ် ချတ်ဇမ်ပါမ်ပါ့စ်က ပုံပျက်နေသည့် အစ္စရေးအလံနှင့် ပုံသဏ္ဌာန်မမှန်သော ဆိုလာပြားများအပါအဝင် ချွတ်ယွင်းချက်များကို ထောက်ပြလျက် ထိုဗီဒီယိုမှာ “၁၀၀ ရာခိုင်နှုန်း အတုဖြစ်သည်” ဟု ပြောသည်။
♦️ သတင်းအပြည့်အစုံ -
https://bur.mizzima.com/2026/03/12/84683#အီရန်ဒုံးကျည်များ
#အစ္စရေးမြို့တော်
#AI
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews