ကျားပေါက်ရဲ့ The Odyssey (စာအုပ်သုံးသပ်ချက်) - BUR.MIZZIMA.COM
ကျွန်တော် သူ့ကို လူချင်းသိပါသည်။ သူ၏ ရိုးသားပွင့်လင်းမှုကြောင့် ကျွန်တော်မေးလျှင် သူ့စာအုပ်ပါ အကြောင်းအရာအကုန်နီးပါးကို မခြွင်းမချန် သူပြောမည်မှာ အသေအချာပင်။ သို့သော် သူ့ကို မမေး ချင်ခဲ့၊ မမေးခဲ့၊ မမေးဖြစ်။ ကျွန်တော်တယောက်တည်းလည်း မသိချင်။ သူ့ပရိသတ်တွေ မြန်မာပြည် က လူတွေကိုပါ သိစေချင်သည်။ သူ ဒီစာအုပ်ကို ရေးနေသည်ကိုသိသည်။ မျှော်နေခဲ့သည်။ ခုဖတ်ရ ပြန်တော့လည်း ငါနဲ့မသိခင်တုန်းက၊ ငါနဲ့သိနေတုန်းက ငါမသိတဲ့သူ့ဘဝရဲ့ တချို့အချိုးအကွေ့တွေ က ကြမ်းလှချည်လား၊ ခက်ခဲလှချည်လား၊ ငါတခုခု လုပ်ပေးနိုင်ခဲ့ရမှာဆိုပြီး ယူကျူံးမရစိတ်တွေဖြစ်ရ သည်။ တခါ ဝရမ်းပြေး၊ နိုင်ငံမဲ့ဒုက္ခသည်၊ အထောက်အထားမဲ့ စတဲ့ သူနဲ့ သူ့မိသားစုရဲ့ အခက်အခဲ အများစုကနေ ခုတော့ သူတို့ လွတ်မြောက်သွားကြပါပြီလားဆိုပြီး ဝမ်းသာရပြန်သည်။ သူ့စာဖတ်ရင်း သူနဲ့ အတူ ဝမ်းနည်းရသည်၊ မျက်ရည်ကျရသည်၊ ဆို့နင့်ရသည်၊ တဖန် ပျော်ရသည်၊ ကျေနပ်ရသည်။ လွတ်မြောက်ရသည်။အပြည့်အစုံဖတ်ရန် >> https://ift.tt/SqKcpQs-----------------------------------------Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatvလွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://ift.tt/0Uvmr5y
https://ift.tt/DdZyfbL

2 comments

Cry joker
mizzia ရေ သတင်းပေးပို့ လို့ ရမလားဗျ
Cry joker
ဆားတောင် တိုက်ပွဲသတင်း ပေးပို့ချင်လို့ပါ