Mizzima
ခလရ (၁၄၈) နှင့် တွင်းငယ်လမ်းပိုင်းကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်
ယမင်းဖူးပွင့်အောင်
မဇ္စျိမ။ ။ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ၊ ကျောက်လှည်းဘီးကျေးရွာအနီးရှိ စစ်ကော်မရှင်တပ်၏ ခြေလျင် တပ်ရင်း ခလရ (၁၄၈) ကို စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်ထားပြီဖြစ်သည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
သပိတ်ကျင်းမြို့နယ်မှ မိုးကုတ်မြို့သို့သွားသည့် လမ်းပိုင်းတွင် တည်ရှိသည့် ခလရ(၁၄၈) တပ်ရင်းအပြင် တွင်းငယ်-မိုးမိတ်လမ်းပိုင်းကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဆုတ်ခွာပေးခဲ့ရသည်ဟု တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) နှင့်နီးစပ်သူ သတင်းရင်းမြစ်တဦးက မဇ္ဈိမသို့ ပြောသည်။
“မိုးကုတ်တက်တဲ့လမ်းမှာ (၁၄၈) တပ်ရင်း ရှိတယ်။ (၁၄၈) ကို စစ်ကောင်စီကထိန်းသွားပြီ။ တွင်းငယ်သွားတဲ့လမ်းဘက်မှာ စစ်ကောင်စီက စိုးမိုးသွားပြီ။ အဲ့ပေါ်မှာ အဓိက လှုပ်ရှားနေတဲ့ KPDF ရယ်၊ KIA ရယ် ABSDF ရယ် ပြီးတော့ မိုးကုတ်ဗျူဟာရယ်က ဆုတ်သွားပြီ” ဟု သတင်းရင်းမြစ်က ပြောသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိခဲ့သည့် နယ်မြေများကို (TNLA) နှင့် မြန်မာအမျို…
Comments
Be the first to add a comment