နော်ဝေးနိုင်ငံတွင် အော်စလိုမြို့ရှိ အမေရိကန်သံရုံး၌ တနင်္ဂနွေနေ့က ပျက်စီးမှု အနည်းအကျဉ်းသာ ရှိခဲ့သည့် ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး အီရတ်နွယ်ဖွား နော်ဝေးညီအစ်ကို သုံးဦးကို “အကြမ်းဖက်ဗုံးခွဲမှု” သံသယဖြင့် ဖမ်းဆီးထားပြီး၊ ၎င်းတို့က “အစိုးရအဖွဲ့အစည်းတရပ်ရပ်၏ အမိန့်” ကို နာခံခဲ့ခြင်း ရှိမရှိ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေသည်။

ထို ဖြစ်ရပ်ဖြစ်ပွားပြီးနောက် အမေရိကန်သံရုံး၏ Google Maps စာမျက်နှာတွင် အမေရိကန်-အစ္စရေးတို့၏ အီရန်ကို ပထမဆုံးနေ့ တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သည့် ရှီယိုက် မွတ်စလင်တို့၏ ဘာသာရေးခေါင်းဆောင် အီရန်ဦးသျှောင်ဟောင်း အယာတိုလာ အလီ ခါမေနီ၏ ဗီဒီယိုဖိုင်တခု တင်လာသည်ကို တွေ့ရသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အကြမ်းဖက်တိုက်ခိုက်မှုများ
#အီရန်
#အရှေ့အလယ်ပိုင်းစစ်ပွဲ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment