ရုပ်ရှင်ဝေဖန်သူတွေ ချီးကျူးနေကြတဲ့ အင်ဒိုနီးရှား ကားသစ်ကြီး
G-h-o-s-t i-n t-h-e C-e-l-l (2-0-2-6)
ဇာတ်လမ်းကတော့ ကိုလိုနီခေတ်ကတည်းက တည်ရှိခဲ့ပြီး ဆိုးရွားလှတဲ့ သမိုင်းကြောင်းတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြေအောက် အကျဉ်းထောင်ဟောင်းကြီးတစ်ခုဆီကနေ စတာပါ။
အဲဒီထောင်ရဲ့ အထူးသီးသန့် အကျဉ်းခန်းတစ်ခုမှာ အရင်က အာဏာပိုင်တွေရဲ့ မတရား နှိပ်စက်သတ်ဖြတ်တာကို ခံခဲ့ရတဲ့ အကျဉ်းသားတစ်ယောက်ရဲ့ မကျွတ်မလွတ်တဲ့ မိစ္ဆာဝိညာဉ်ဆိုး ပူးကပ်ကျိန်စာသင့်နေခဲ့ပါတယ်။
တစ်ရက်မှာတော့ နိုင်ငံရေးအရ အမှုဆင်ဖမ်းဆီးခံလိုက်ရတဲ့ အကျဉ်းသားသစ်တစ်ယောက် အဲဒီအခန်းထဲ ရောက်လာပြီး မတော်တဆ သွေးထွက်သံယိုမှုတစ်ခု ဖြစ်ပွားရာကနေ နှစ်ပေါင်းများစွာ ငြိမ်သက်နေတဲ့ ကျိန်စာဆိုး နိုးထလာပါတော့တယ်။
ညဉ့်နက်လာတာနဲ့အမျှ ပိတ်လှောင်ထားတဲ့ အကျဉ်းထောင်တစ်ခုလုံးမှာ လျှပ်စစ်မီးတွေ ပြတ်တောက်သွားပြီး ဝိညာဉ်ဆိုးက အကျဉ်းသားတွေနဲ့ ထောင်အစောင့်တွေကို စိတ်အာရုံချောက်ချားအောင် လှည့်စားရင်း တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက် သတ်ဖြတ်ပါတော့တယ်။
အပြင်ကမ္ဘာနဲ့ အဆက်အသွယ် လုံးဝပြတ်တောက်နေတဲ့ ထောင်နံရံတွေကြားထဲမှာ အချင်းချင်း သံသယတွေ၊ ကြောက်ရွံ့မှုတွေနဲ့အတူ အသက်ရှင်ကျန်ရစ်ဖို့ အသည်းအသန် ရုန်းကန်ကြရတဲ့ သည်းထိတ်ရင်ဖို H-o-r-r-o-r ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
😍ကြည့်ရန်နှိပ်ပါ
👇t.me/dramaburma/2976🎬 Main channel
🔗t.me/addlist/43SAvNGGjGExNWVl