မဇ္ဈိမ
မြန်မာ-ထိုင်းနယ်စပ်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၇) ဌာနချုပ်ဝင်းအတွင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီအိမ် အနီးဝန်းကျင်သို့ ယနေ့ (မတ်လ ၁၈ ရက်) နံနက်ပိုင်းတွင် အသေခံ ကာမီကာဇေဒရုန်း ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း လူထိခိုက်မှု မရှိကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက မဇ္ဈိမကို အတည်ပြုသည်။
ယနေ့နံနက်ပိုင်းတွင် အဆိုပါဌာနချုပ်ဝင်းအတွင်း ဒရုန်းဖြင့် သုံးကြိမ်တိုက်ခိုက်ခံခဲ့ရပြီး နံနက် ၃ နာရီ ၄၆ မိနစ်တွင်တကြိမ်၊ ၄ နာရီ ၁ မိနစ်တွင် တကြိမ်နှင့် ၄ ၁၂ မိနစ်တွင် တကြိမ် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။
“တပ်မဟာထဲကို ဒရုန်းဗုံးသုံးလုံး ကျတယ်။ စောဂျော်နီအိမ်ဘေးရော၊ မဲသဝေါဘက်ကပစ်တာ" ဟု ၎င်းက ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ဖားအံခရိုင်၊ တပ်မဟာ (၇) ဌာနချုပ်သို့ ဒရုန်းတိုက်ခိုက်မှုကို ဖားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေးကလည်း အတည်ပြုထားပြီး လူနှင့် အဆောက်အဦ ထိခိုက်ပျက်စီးမှု မရှိကြောင်း KIC သတင်းတရပ်တွင် ဖော်ပြထားသည်။
Read more:
https://bur.mizzima.com/2025/03/18/49730