“USAG-1 ပဋိပစ္စည်းကို ထိန်းချုပ်ထားတာက သွားတွေရဲ့ ဖွံ့ဖြိုးမှုကို အထောက်အကူပြုတယ်ဆိုတာ မိမိတို့ သိရှိခဲ့ရပါတယ်။ ဒီလိုထိန်းချုပ်ထားရုံနဲ့ သွားအသစ်ပေါက်ဖို့ လုံလောက်ရဲ့လားဆိုတာကိုတော့ မိမိတို့ မသိသေးပါဘူး” လို့ သုတေသနစာတမ်းကို ပူးတွဲရေးသားသူဖြစ်သည့် တာကာဟာရှီက ထိုစဉ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။”
စမ်းသပ်မှုအောင်မြင်ခဲ့ပါက သွားအသစ်ပြန်ပေါက်ဆေးကို ၂၀၃၀ ပြည့်နှစ်တွင် ထုတ်လုပ်ရန် အဓိကရည်ရွယ်ပြီး ကီတာနိုဆေးရုံသည် သွားလေးချောင်းမနည်း ကျိုးထားသည့် အသက် နှစ် နှစ်မှ ခုနစ် နှစ်ကြား လူနာများကို ကုသပေးသွားမည်ဖြစ်သည်။ အဆိုပါကုထုံးသည် လက်ရှိတွင် မွေးရာပါ သွားချို့တဲ့သည့် လူနာများကို အဓိကထား လျက်ရှိသော်လည်း သွားကျိုးထားသည့်သူတိုင်းကို ကုသပေးနိုင်လိမ့်မည်ဟု တာကာဟာရှီက မျှော်လင့်ထားသည်။
♦️ သတင်းအပြည့်အစုံ -
https://bur.mizzima.com/2025/04/29/54719