စစ်ကော်မရှင်တပ်က ရွာများအတွင်း အထိုင်ချထား၍ ကျိုက်ထို ဒေသခံထောင်နှင့်ချီ နေရပ်မပြန်နိုင်သေး

YT

မဇ္ဈိမ။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများအတွင်း အထိုင်ချထားသည့် စစ်ကော်မရှင်တပ်ကြောင့် ဒေသခံ ထောင်နှင့်ချီ စစ်ဘေးရှောင်နေရပြီး နေရပ်မပြန်နိုင်ကြသေးကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်ကစ၍ ကျိုက်ထိုမြို့နယ် ၊ သိမ်ဇရပ်မြို့အခြေစိုက် ၊ ခြေမြန်တပ်ရင်းခမရ (၂၀၇) နှင့် အမြှောက်တပ် အမတ (၃၁၀) တို့မှ စစ်ကော်မရှင်တပ်သားများက စစ်ကွင်း၊ မုက္ကမော့၊ ခရွဲ၊ ကျောက်ရေတွင်း ၊ ဝင်းကံ နှင့် ကျောက်ပုံကြီး စသည့် ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးဝင်လာခဲ့သည်။

ထိုနေ့မှစ၍ စစ်ကော်မရှင်တပ်က ခရွဲ၊ ကျောက်ပုံကြီး၊ ဝင်းကံ၊ မုက္ကမော့ ကျေးရွာများအတွင်း အင်အား ဖြန့် အထိုင်ချပြီး တော်လှန်ရေးအင်အားစုများနှင့်လည်း တပ်ဆိုင်ထားသည့် အခြေအနေဖြစ်၍ အရပ်သားများမှာ နေရပ်မပြန်ရဲကြကြောင်း သိရသည်။

လက်ရှိ စစ်ရေးအခြေအနေတင်းမာနေသည့် ဒေသသည် မွန်နှင့် ပဲခူးအစပ်၊ ကျိုက်ထိုမြို့နယ်အပိုင် စစ်တောင်းမြစ်နှင့် နီးသည့် ကျေးရွာများဘက်ခြမ်းတွင်ဖြစ်သည်။

“ အခုက ကော်ကပ် (KNU တပ်မဟာ…

Comments

Be the first to add a comment