Damsel [2024]

Review 📃

Netflix ကနေ ထွက်ရှိထားတဲ့ ဒီဇာတ်ကားဟာ ကျွန်တော်တို့ ငယ်ငယ်က နားထောင်ခဲ့ရတဲ့ "မင်းသားလေးက နဂါးလက်ထဲက မင်းသမီးလေးကို လာကယ်တယ်" ဆိုတဲ့ ပုံပြင်ဟောင်းတွေကို ပြောင်းပြန်လှန်ပစ်လိုက်တဲ့ Dark Fantasy/Survival ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

🐉 ဇာတ်လမ်းအကျဉ်း

Stranger Things မင်းသမီးလေး Millie Bobby Brown က မင်းသမီး Elodie အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူမရဲ့ ဆင်းရဲနွမ်းပါးနေတဲ့ တိုင်းပြည်အတွက် ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတစ်ခုက မင်းသားလေးနဲ့ လက်ထပ်ဖို့ သဘောတူခဲ့ပါတယ်။ ဒါပေမဲ့ မင်္ဂလာဆောင်ပြီးပြီးချင်းမှာပဲ ဒါဟာ လက်ထပ်ပွဲမဟုတ်ဘဲ ရှေးဟောင်းကတိကဝတ်တစ်ခုအရ နဂါးဆိုးကြီးကို ပူဇော်ပသတဲ့ ယဇ်ကောင်အဖြစ် သူမကို အသုံးပြုခဲ့တာမှန်း သိလိုက်ရပါတယ်။ နက်ရှိုင်းလှတဲ့ ဂူကြီးထဲကို ပစ်ချခံလိုက်ရတဲ့ Elodie ဟာ သူမကို လာကယ်မယ့် မင်းသားလေးကို စောင့်မနေတော့ဘဲ မိမိဘာသာ အသက်ရှင်အောင် ဘယ်လိုရုန်းကန်မလဲဆိုတာကို ရင်သပ်ရှုမောဖွယ် ရိုက်ကူးထားတာပါ။


😍ကြည့်ရန်နှိပ်ပါ👇

t.me/indiamovie4/3467

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

Comments

Be the first to add a comment