⭐️ရာဇဝတ်သားများ၏နိဂုံး⭐️

အညွှန်းဖတ်ရန်
⬇️⬇️
လွန်ခဲ့တဲ့ ၅ နှစ်က ရဲအရာရှိ လီမင်း ရဲ့ စိတ်လှုပ်ရှားပြီး အလျင်စလို ဆုံးဖြတ်ချက်တစ်ခုကြောင့် ၎င်းရဲ့ဆရာဖြစ်သူ လျန်ပင်းဟာ ဗုံးပေါက်ကွဲမှုတစ်ခုအတွင်း သေဆုံးသွားခဲ့ပါတယ်။ ဒီစိတ်ဒဏ်ရာနဲ့ အပြစ်မကင်းစိတ်ကြောင့် လီမင်းဟာ ဆရာ့သမီးဖြစ်သူ လျန်ဟွေ့ နဲ့ အဆက်အသွယ်ဖြတ်ကာ အမှုကိုပဲ အစွမ်းကုန်လိုက်လံ စုံစမ်းနေခဲ့ပါတယ်။
တစ်နေ့မှာတော့ လုယက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ ကွမ်နန်ဂိုဏ်းဟာ သူတို့နယ်မြေထဲ ရောက်ရှိလာကြောင်း လီမင်း သိရှိသွားပါတယ်။ အဲဒီဂိုဏ်းကို လိုက်လံဖမ်းဆီးရင်း သေနတ်ပစ်ခတ်မှုတွေ၊ ကားဗုံးခွဲမှုတွေ ဖြစ်ပွားပြီး ဂိုဏ်းဝင်တစ်ဦးဖြစ်တဲ့ ထန်ရှောင်ရှောင် (Tang Xiaoxiao) ဒဏ်ရာရသွားပါတယ်။ အဲဒီအခါမှာ ထန်ရှောင်ရှောင် သုံးစွဲခဲ့တဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေဟာ လွန်ခဲ့တဲ့ ၅ နှစ်က သူ့ဆရာကို သေဆုံးစေခဲ့တဲ့ ပစ္စည်းတွေနဲ့ တစ်ထေရာတည်း တူညီနေတာကို လီမင်း တွေ့ရှိသွားတဲ့အတွက် ကလဲ့စားချေလိုစိတ်တွေ ပြင်းထန်လာပါတော့တယ်။
ဆေးရုံမှာ ဆရာ့သမီး လျန်ဟွေ့နဲ့ ပြန်လည်ဆုံတွေ့ပြီး စိတ်ဒဏ်ရာတွေကို ကုစားရင်း တရားခံတွေကို ဖမ်းဆီးဖို့ လီမင်းတစ်ယောက် ကုန်းကြောင်းရေကြောင်း ပိတ်ဆို့ပြီး ထောင်ချောက်ဆင်ပါတော့တယ်။ နောက်ဆုံး ဆေးရုံခေါင်မိုးပေါ်က အသက်လုတိုက်ပွဲမှာ ဂိုဏ်းခေါင်းဆောင်က လျန်ဟွေ့ကို ဓားစာခံလုပ်ပြီး ခုခံတဲ့အခါ... လီမင်းတစ်ယောက် တရားခံတွေကို အမိဖမ်းဆီးနိုင်မလား၊ ဆရာ့အတွက် ကလဲ့စားချေနိုင်မလားဆိုတာကို ရင်သပ်ရှုမော ဇာတ်ရှိန်အမြင့်ဆုံးနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ကြည့်ရန်🔽⬇️
https://t.me/c/3412981155/1969

ချန်နယ်အရင်Joinပါ
⬇️🔽
https://t.me/+DOTZ-GT1GapmNGRl

Comments

Be the first to add a comment